သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-12
တနင်္လာနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် ညီလာခံမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေရှိနေတာကို ကိုယ်စားလှယ် တွေက ထောက်ပြပြောဆိုပြီး၊ ရိုဟင်ဂျာ အရေးကို ဖြေရှင်းနိုင်အောင် မြန်မာ အစိုးရက ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ပူးပေါင်းဆော င်ရွက်ဖို့ တိုက်တွန်းသွားကြ ပါတယ်။
2018-03-12
နိုင်ငံတနိုင်ငံမှာ သယံဇာတပေါကြွယ်ဝရင် ကံကောင်းတယ်လို့ သတ်မှတ်နိုင်ပေမဲ့ ကံ ဆိုတဲ့ အလုပ်မကောင်းရင်၊ စီမံအုပ်ချုပ်တဲ့ မူဝါဒ လွဲချော်ရင် တိုင်းပြည်နစ်နာရပါတယ်။
2018-03-09
အရပ်သားအစိုးရလက်ထက်မှာ ကိုလိုနီခေတ်နဲ့ စစ်အာဏာရှင်စနစ်အောက်က ဥပဒေတွေကို ဆက်အသုံးပြုပြီး သတင်းလောကကို ထိန်းချုပ်ဖို့ကြိုးစားနေသလို အာဏာပိုင်တွေနဲ့ သတင်းသမားတွေရဲ့ ဆက်ဆံရေးလည်း ပိုဝေးကွာလာပါတယ်။
2018-03-08
ဗြိတိန်နိုင်ငံမှာ လူမသိသူမသိ ရိုးရိုးကုပ် ကုပ်နေထိုင်နေတဲ့ ရုရှား သူလျှိုဟောင်းနဲ့ သူ့ သမီးတို့ ခုံတန်လျားတစ်ခုမှာ သတိမေ့မျောနေ တာတွေ့ရလို့ ဆေးရုံတင်လိုက်ရပြီးနောက် သူတို့ဟာ အဆိပ်ခတ်ခံရတာလို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
2018-03-08
အမျိုးသားလွှတ်တော်မှာ ပြင်ဆင်အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ပိတ်ပင်ရာရောက်သလို နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို နောက်ပြန်ဆုတ်သလိုဖြစ်မှာ စိုးရိမ်တယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။
2018-03-08
မြန်မာနိုင်ငံက ရွေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံကို ထွက်ခွာမှုဟာ ၂၀၁၈ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ စံချိန်တင်လောက်အောင်များပါတယ်။ ဒီသတင်းကြောင့် နိုင်ငံခြားဝင်ငွေတွေ အများကြီးရတော့မယ်လို့ တွေးသူတွေရှိသလို ပြည်တွင်းမှာ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အားနည်းတာကိုပြနေတာဖြစ်တယ်လို့ ထောက်ပြသူတွေရှိပါတယ်။
2018-03-07
ဧရာဝတီတိုင်း ဗိုလ်ကလေးမြို့နယ်က ရွာတွေမှာ တွဲဖက်အထက်တန်းကျောင်းပုံသဏ္ဍန်နဲ့ ဖွင့်ထားတဲ့ကျောင်းတွေကို လာမယ့် စာသင်နှစ်မှာဖွင့်ခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ မြို့နယ်ပညာရေးမှူးကပြောတဲ့အတွက် ကျောင်းသားတွေထောင်နဲ့ချီပြီး ပညာရေးအခက်အခဲဖြစ်တော့မယ်လို့ ပြောဆိုနေကြသလို၊ ကျောင်းဖွင့်ခွင့်ကို သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း လျှောက်ထားပြီးတော့ မူဝါဒ စည်းမျဉ်းတွေနဲ့ကိုက်ညီရင် ဖွင့်ခွင့်ရမယ်လို့ မြို့နယ်ပညာရေး မှူးက တုံ့ပြန်ပြောဆိုပါတယ်။
2018-03-07
နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ အမျိုးသမီးရေးလှုပ်ရှားမှု၊ အမျိုးသမီးဆိုင်ရာ ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂရည်မှန်းချက်၊ မြန်မာနိုင်ငံက သက်ငယ်မုဒိမ်းမှုနဲ့ အမျိုးသမီးတွေရဲ့ မလုံခြုံတဲ့ဘဝ စတာတွေကို ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2018-03-05
မြန်မာနိုင်ငံထဲမှာ ရဟန်းတွေ ကာယကံမှု၊ ဝစီကံမှုတို့ကို ကျူးလွန်နေကြပြီး တရားမဲ့ပြုမူနေ တာကြောင့် သာသနာအတွက်ရော၊ နိုင်ငံ့ပုံရိပ်နဲ့ အနာဂတ်ပါ ထိခိုက်နစ်နာရတဲ့အတွက် ဗုဒ္ဓသွန်သင် မိန့်ကြားခဲ့တဲ့အတိုင်း အသေအချာ နာယူကျင့်သုံးကြ ဖို့ ဆရာတော်၊ သံဃာတော်တချို့က မေတ္တာရပ်ခံ လိုက်ပါတယ်။
2018-03-04
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရှေ့ဆုံးကပြေးခဲ့တဲ့ နော်ဝေနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံဖြစ် ပါတယ်။
2018-03-03
မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိက အားထားတဲ့နိုင်ငံဖြစ်သလို၊ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး စိုက်ပျိုးရေးလုပ်ကြတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
2018-03-01
RFA လွတ်လပ်တဲ့အာရှအသံကနေ စင်ကျန်းဒေသ က အတိမ်းအစောင်းမခံတဲ့ သတင်းတွေ ထုတ်လွှင့် တဲ့အတွက် ဝှီးဂါးသတင်းဌာန ဝန်ထမ်းလေးဦးရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကို တရုတ်အာဏာ ပိုင်တွေက ဖမ်းဆီးထိန်းသိမ်းတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-02-28
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၇ ရက် မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
2018-02-28
“မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ “ကမ္ဘာ့ပဋိပက္ခများသတင်းရေးသားတင်ပြရေး ပူလစ်ဇာစင်တာ”မှာ ကျင်းပခဲ့ပါတယ်။
2018-02-26
အခုရက်ပိုင်းမှာ လားရှိုး၊ စစ်တွေနဲ့ မူဆယ်မြို့တို့မှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာဟာ စိုးရိမ်စရာ အခြေအနေဖြစ်နေတယ်လို့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရော၊ ပြည်တွင်းနိုင်ငံရေးသမားတွေကပါ သုံးသပ်ကြပါတယ်။