သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-26
ချက်ချင်းလက်ငင်း တည်ဆောက်လို့ မရတဲ့ မြို့ပြယဉ်ကျေးမှုတွေ ခန့်ခန့်ထည်ထည်ဖြစ်လာပြီးမှ ပြိုလဲရတဲ့အထဲ မိုးခေါင်လို့ ပြိုလဲရတဲ့ သမိုင်း မှတ်တမ်းတွေ ရှိတဲ့အကြောင်းနဲ့ တောင်အာဖရိက နိုင်ငံ ကိတ်တောင်းမှာ လောလောဆယ် ကြုံတွေ့နေရတဲ့ ရေပြဿနာဟာ ကမ္ဘာ ကို ခေါင်းလောင်းထိုး အချက်ပေးလိုက်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2018-02-23
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြမ်းဟာ အခြေခံလူ့အခွင့်အရေးတွေကို ထိခိုက် တာတွေ ရှိနေတယ်လို့ အများက သုံးသပ်နေကြ ပါတယ်။ ဒီလိုအမြင်နဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက တင်ပြထားပါတယ်။
2018-02-21
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကနေ ဘဏ်လုပ်ငန်း သုံးစွဲသူတွေ အရင်ကထက်ပိုများလာတယ်ဆိုပေမဲ့ လူအများစုဟာ ဘဏ်စာရင်းမရှိကြသေး ပဲ ငွေစက္ကူတွေကိုပဲ သုံးစွဲနေကြတုန်းပါပဲ။ အွန်လိုင်းဘဏ်စံနစ်ဟာ လွယ်ကူပြီး အချိန်ရောငွေပါ အကုန်သက်သာတယ်လို့ စစ်တမ်းတွေကဆိုပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2018-02-21
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားဒေသကို ထွက်ပြေးသွားခဲ့ကြတဲ့ မြန်မာနိုင်ငံက မွတ်စလင် ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကြီးအကျယ် လိုအပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြား လိုက်ပါတယ်။
2018-02-18
တောင်အာဖရိကနိုင်ငံက စည်ပင်ခမ်းနားတဲ့ ကိတ်တောင်းမြို့တော်ဟာ ရေစီမံခန့်ခွဲမှု စနစ်ကောင်းကောင်း မချမှတ်ခဲ့တဲ့ အတွက် ရေလုံးလုံးပြတ်သွားတော့မယ့် အခြေအနေဆိုက်ရောက်သွားပါတယ်။
2018-02-15
တရုတ် Cyberspace အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အင်တာနက်စိစစ်ရေးလုပ်ငန်းကို အထူးကြီးကြပ် ချုပ်ကိုင်ခဲ့သူ Lu Wei ကို ခြစားမှုနဲ့ တရုတ်ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်တဲ့အကြောင်းနဲ့ လူ့အခွင့် အရေးရှေ့နေတွေကို အခြေအမြစ်မရှိတဲ့ စွဲချက်တွေ နဲ့ အရေးယူနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-02-14
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ မနေ့ ညနေက ဆွေးနွေးခဲ့ကြပါတယ်။
2018-02-14
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ကျရောက်တဲ့ ချစ်သူများနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထိုင်းစစ်တပ်နောက်ခံ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာရေးစပ်တဲ့ စိန်စီတဲ့ အသည်းနှလုံး သီချင်းကို ထုတ်လွှင့်ပါတယ်။ သူ့ pop သီချင်းကို youtube မှာ တင်တာ ဒီမနက် ၃ နာရီထိ ကြိုက်သူ တထောင် - မကြိုက်သူ က နှစ်သောင်းခွဲရှိပါတယ်။
2018-02-14
၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်စွာနဲ့ လွတ်လပ်ရေးရဲ့ ရှေ့ပြေး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။
2018-02-14
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့က လက်မှတ်ရေးထိုးလိုက်ပါပြီ၊ ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ် ငြိမ်းချမ်းရေး အလားအလာတွေအပေါ် သုံးသပ်ချက်တွေကိုတော့ မသင်းသီရိ က တင်ပြထားပါတယ်။
2018-02-14
ရခိုင်ပြည်နယ်အစိုးရရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဒေသတွင်းကုမ္ပဏီတွေကို လုပ်ငန်းတင်ဒါတွေချပေးရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာတွေရှိနေတယ်ဆိုပြီး လုပ်ငန်းရှင်တွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
2018-02-13
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ရခိုင်ပြည်နယ်ကို ပြန်လည် ဝင်ရောက်လာမယ့် ရိုဟင်ဂျာ မွတ်စလင်တွေအတွက် ယာယီလက်ခံရေး စခန်းတွေနဲ့ ၂ဝ၁၇ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း မီးလောင်ခံရတဲ့ ဒေသခံကျေးရွာတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
2018-02-13
ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်ရဲ့ အနှစ်အရသာ အပြည့်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ရေး အလားအလာနဲ့ ပတ်သက်လို့ တိုင်းရင်းသား ခေါင်းဆောင်တချိုရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2018-02-12
ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတဲ့အတွက် စားနပ်ရိက္ခာဖူလုံနိုင်ဖို့ အမျိုးမျိုးကြံဆတဲ့အခါ ကုလသမဂ္ဂက Climate-smart agriculture – CSA ဆိုတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေလိုက်လုပ်တဲ့ စိုက်ပျိုးရေးကို ဖော်ဆောင်ပါတယ်။
2018-02-10
ဆောင်းတွင်းကာလ စာမေးပွဲရာသီမှာ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေက ကျောင်းသူ ကျောင်းသားတွေကတော့ တခြား စိတ်ဖိစီး၊ စိုးရိမ်စရာတွေနဲ့အတူ စာမေးပွဲအတွက် အာရုံစိုက်နေရပါတယ်။