သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-30
ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားတဲ့ ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ AA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
2022-05-29
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ်အားလုံးနီးပါးမှာ ဆန့်ကျင်တော်လှန်မှုတွေ အနည်းနဲ့အများ တောက်လျှောက်ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း တုံ့ပြန်ချေမှုန်းနေပါတယ်။ အဲဒီလိုအင်အားသုံးချေမှုန်းခံရတဲ့အထဲမှာ အခုလပိုင်းတွေအတွင်း အဆိုးဆုံးခံနေရတာက စစ်ကိုင်းတိုင်း ဖြစ်နေတာ တွေ့ရပါတယ်။
2022-05-29
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ၁ဝ မြို့နယ်မှာ မနေ့ည သန်းခေါင်ယံကစလို့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
2022-05-27
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းက မေလ ၂၇ ရက်နေ့က မီးရှို့သွားခဲ့ပါတယ်။ ထန်းတောရွာသား ကိုအောင်သူက စစ်ကောင်စီတပ်ဟာ ရွာမှာညအိပ်ရပ်နားပြီး နောက်တနေ့မနက်မှာ အိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းက ကျောင်းဆောင်တွေကို မီးရှို့တယ်လို့ RFA ကိုပြောပါတယ်။
2022-05-27
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် ကိုးသိန်း နှစ်သောင်းလောက်ဟာ ဒီငါးနှစ်တာကာလအတွင်းမှာ ခြံစည်းရိုးခတ်ထားတဲ့ ဒုက္ခသည် စခန်းတွေ အတွင်းမှာပဲ နေကြရပြီး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်း စာနာမှု အဖွဲ့တွေ ပေးတဲ့ အကူအညီတွေနဲ့ပဲ အသက်ရှင်နေထိုင်ကြရတာပါ။
2022-05-27
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့က ကွေ့ရန် ထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသားတစ်ရာကျော် အဖမ်းခံထားရသလို ယူနန်ပြည်နယ် ပေါက်စန်းမြို့ လုံးရန် ဘိန်းဖြတ်စခန်းမှာလည်း မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင် အဖမ်းခံထားရတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
2022-05-27
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေလ ၁၉ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချခံရသူ ၁၁၄ ဦး၊ ထောင် ခုနစ်နှစ်ကနေ ထောင်တစ်သက်အထိ အမိန့်ချခံရသူ ၇၈ ဦး ရှိပါတယ်။
2022-05-26
ရခိုင်ကမ်းရိုးတန်းဆိပ်ကမ်းကနေ အိန္ဒိယသမုဒ္ဒရာကို ချဉ်းကပ်နိုင်ပြီး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး ရေးသားတဲ့ Where China meets India ဆိုတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယ ဆုံနိုင်တဲ့နေရာက မြန်မာနိုင်ငံမို့ ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံကို တရုတ်က ရတဲ့နည်းနဲ့ ချဉ်းကပ်မယ့် အနေအထားမှာရှိပါတယ်။
2022-05-26
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ပို့ကုန်တွေ မြန်မြန်ရောက်ဖို့ ရထားလမ်းသစ်ဖောက်လုပ်ပြီး စတင်ပြေးဆွဲနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ပါတယ်။
2022-05-26
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရပြီး နိုင်ငံရေးအမှုတွေနဲ့ တရားစွဲခံထားရတဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအပါအဝင် ရှေ့နေစုစုပေါင်း ၂၀ ဦး အဖမ်းခံထားရပါတယ်။
2022-05-25
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်အရာရှိတွေကို ခေါ်ယူသင်တန်းပေးနေတာတွေ မရပ်တန့်တဲ့အတွက် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီသူ ဖြစ်နေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
2022-05-25
“ဘယ်လိုလုပ်ယုံကြည်လို့ရပါ့မလဲ၊ ပြည်တွင်းမှာရှိတဲ့လူတွေတောင် တည်ငြိမ်အေးချမ်းစွာမနေရဘူး၊ ကျွန်တော်တို့ကို ဒီကနေခေါပြီးတော့ အေးချမ်းစွာနေရမယ်ဆိုတာကို ဘယ်စိတ်ချလို့ရပါ့မလဲ၊ တန်းတူ အခွင့်အရေးဆိုတာ ဘာမှရတာ မရှိပါဘူး။”
2022-05-25
နိုင်ငံရေးအကဲခတ်တွေကတော့ ဒီဆွေးနွေးပွဲတွေဟာ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေကို စစ်ကောင်စီဥက္ကဋ္ဌဘက်က အာရုံလွှဲလိုတဲ့ လုပ်ရပ်လို့ သုံးသပ်ပါတယ်။
2022-05-25
စစ်ကိုင်းတိုင်းမှာ အရပ်သားတွေရဲ့ နေအိမ်တွေ နေ့စဉ်လိုလို မီးရှို့ခံနေရဆဲဖြစ်ပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက် မနေ့ကအထိ အချိန်နှစ်လနီးပါးအတွင်း ကလေး၊ ခင်ဦး၊ မင်းကင်း၊ ပုလဲ၊ ရွှေဘို၊ မြင်းမူ၊ ဝက်လက်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦး စတဲ့ မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။
2022-05-24
ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေး မြင့်တက်မှု၊ ငွေကြေးမတည်ငြိမ်မှုတွေကြောင့် ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ဈေးကွက် နာလန်ထူမယ့်အနေအထားဟာ နောက်ပြန်လှည့်သွားတယ်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောလိုက်ပါတယ်။