သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-10
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးဟာ မနက်ဖြန် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံတဝှမ်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ RFA သတင်းထောက်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့ ဈေး၊ ရပ်ကွက်နဲ့ သဘောၤဆိပ်စတဲ့ နေရာတွေက မဲဆန္ဒရှင်ပြည်သူတွေကို ရွေးကောက်ပွဲအပေါ်မှာ စိတ်ပါဝင်စားမူ အခြေအနေကို လိုက်လံမေးမြန်းတဲ့အခါမှာ တော်တော်များများက မဲသွားပေးမယ်ဆိုတာ စိတ်အားထက်ထက်သန်သန် ပြောကြပါတယ်။
2015-11-10
ရွေးကောက်ပွဲ ကျင်းပဖို့ (၁) ရက်သာ ကျန်တော့တာဖြစ်ပြီး နိုင်ငံတဝှမ်းမှာ ကြိုတင်မဲပြဿနာ ၊ သက်သေခံလက်မှတ်တွေဖောင်းပွနေတဲ့ ပြဿနာအပြင် မဲစာရင်းတွေမှားနေတဲ့ အခြေအနေတွေ ရှိနေပေမယ့်လည်း မနက်ဖြန်ဆန္ဒမဲပေးကြဖို့ ပြည်သူလူထုကြား နိုးကြားနေကြပါတယ်။
2015-11-06
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်နဲ့ မကွေးတိုင်းဒေ သကြီး ဂန့်ဂေါမြို့နယ်တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-11-06
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း ဦးခင်မောင်စိုးက တင်ပြပါလိမ့်မယ်။
2015-11-06
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေကို ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေမှာ ထုတ်ပေးနေရာ လာရောက်ထုတ်ယူသူ နည်းပါးနေသလို တချို့ထုတ်ယူသူတွေထဲမှာ တစ်ယောက်ကို သက်သေခံ လက်မှတ် တစ်ခုထက်ပိုရနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
2015-11-06
ကြိုတင်မဲကောက်ခံမှုတွေမှာ မဲမသာမှုတွေရှိနေတဲ့အတွက် တရားမျှတမှုအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ် လို့ နိုင်ငံရေးပါတီတချို့ကပြောပါတယ်။
2015-11-06
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအတွေအနေနဲ့ မဲသွားပေးတဲ့ အခါ ပါတီ အမှတ်တံဆိပ်ပါတဲ့ အကျီ ၤ၊ ဦးထုတ် ၊ ခေါင်းစီး ၊ စတေကာ အစရှိတာတွေကို မဲရုံပရဝုဏ် အတွင်း ဝတ်ဆင်သွားလာခွင့် မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန့်ကြားချက် ထုတ်ပြန်ထားပါတယ်။
2015-11-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဟာသအနုပညာရှင် ဦးမေတ္တာတို့က NLD ပါတီ လွှတ်တော်ကိုယ်စာလှယ်လောင်းတွေကို ဆန္ဒမဲပေးဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-11-04
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မော်လမြိုင်မြို့က ရပ်ကွက်တွေနဲ့မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-11-04
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ တပ်မတော်သားတွေ ကြိုတင်မဲပေးနေကြသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း အချုပ်ကျနေသူတွေနဲ့ ထောင်ဝန်ထမ်းတွေ ဒီနေ့ ကြိုတင်မဲပေးကြပါတယ်။
2015-11-04
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးနဲ့ ကျေးသီးမြို့ နယ်တွေက ကျေးရွာတွေမှာ အစိုးရတပ်နဲ့SSPP /SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသ ခံ ၄ ထောင်လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပေါ်ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။
2015-11-04
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြတဲ့အတွက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ စုစုပေါင်း ၅၄ ဦးကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးခြင်းမရှိခဲ့ပါဘူး။
2015-11-04
မွန်ပြည်နယ် မုဒုံမြို့နယ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့ မုဒုံမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြိုင်မဲဆွယ်ခဲ့ပါတယ်။
2015-11-03
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ PACE အဖွဲ့ က ရွေးကောက်ပွဲနေ့မှာ သူတို့အဖွဲ့အနေနဲ့ ဘယ်လိုလေ့လာစောင့်ကြည့် သွားမယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့၊ ကုန်သည် လမ်းက ဖန်တီးရာရုံးခန်းမှာလည်း ရွေးကောက် ပွဲစောင့်ကြည့်လေ့လာမယ့် ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့ကလည်း ရွေးကောက်ပွဲမှာနေ့ မှာ စောင့်ကြည့်လေ့လာသွားမယ့်အကြောင်း သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
2015-11-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ကျောက်ဖြူမြို့မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။