သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-04
ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မြစ်ဆုံမှာ တရုတ်နိုင်ငံက တည်ဆောက်မယ့်ဆည်တွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆောက်လုပ်သင့် မသင့် စုံစမ်းရေးကော်မရှင်က အစီရင်ခံစာကို လာမယ့်နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တင်သွင်း မှာဖြစ်ပါတယ်။
2016-11-04
မြန်မာနိုင်ငံတွင်းတွေ့ရှိရတဲ့ ဇီကာပိုးကူးစက်ခံရသူဟာ နိုင်ငံခြားသူဖြစ်နေတဲ့အတွက် နိုင်ငံတွင်းခြိမ်းခြောက်မှု မများလှဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နေသလား သံသယရှိသူတွေကို အစိုးရက ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
2016-11-04
ရန်ကုန်မြို့မှာ တိုက်ခန်းတွေဖောက်ထွင်းခံရမှုတွေ၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရမှုတွေ အပါအဝင် ဒုစရိုက်မှုတွေကြောင့် ပြည်သူတွေ ဘဝလုံခြုံမှုမရှိ ခံစားနေကြရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-04
NLD ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ အလုပ် သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့အတူ အလုပ်သမားအခွင့်ရေးတွေအတွက် ထိရောက် စွာ ဖြေရှင်းပေးနိုင်မှု အားနည်းတယ်လို့ ထောက်ပြ ချက်တွေရှိနေပါတယ်။
2016-11-02
လူတွေနေ့တဓူဝပြောနေတဲ့ စကားတွေဟာ နောင်မျိုးဆက်သစ်တွေအတွက် စကားပုံတွေ ဆိုရိုးတွေအဖြစ် ကျန်ရစ်မှာမို့ မိန်းမတွေကိုယ်နှိုက်က “မိန်းမလို မိန်းမရ” ဆိုတဲ့ အသုံးအနှုန်း ရှောင်သင့်ပြီး လူတိုင်းကလည်း ဆိုရိုးတွေ စကားပုံတွေရဲ့ အဓိပ္ပာယ်တွေကို ထဲထဲဝင်ဝင် သိထားသင့်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-11-02
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ယန်းငွေ ဘီလီယံ ၈ဝဝ ထောက်ပံ့မယ်လို့ မနေ့က ကြေညာလိုက် ပါတယ်။ တိုကျိုမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲအပြီးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အခုလိုပြောကြားခဲ့တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံသားတွေနဲ့ မနေ့ မနက်ပိုင်း တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းစစ်ရပ်စဲဖို့ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ မရပ်စဲချင်တဲ့ စိတ်ဓါတ်ပဲ လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2016-11-02
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဆိုင်ကယ်စီးလုယက်မှုတွေ အတော်များများ ဖြစ်လာနေတဲ့အတွက် ပြည်သူတွေ သွားလာရေး လုံခြုံမှုမရှိ ဖြစ်နေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-01
ဇီကာဗိုင်းရပ်စ်ဟာ မိခင်လောင်းတွေကို ကူးစက်တဲ့အခါ ဦးခေါင်းသေး၊ ဦးနှောက်သေး ကလေးငယ်တွေ မွေးဖွား လာနိုင်ခြေရှိပါတယ်။
2016-10-31
ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်အတွင်း ဝင်ရောက်သွားကြတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမအသုတ်အနေနဲ့ အိမ်ထောင်စု ၁၉ ခုက လူ ၆၅ ဦးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။
2016-10-31
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီတွေကို ဈေးကွက်တွေတွင်း ရောင်းချနေတာတွေရပြီး အန္တရာယ်ရှိတဲ့ ဆီစားသုံးမှုတွေကြောင့် နှလုံး၊ သွေးတိုး၊ ကင်ဆာနဲ့အတူ အသည်းရောဂါများ အဖြစ်များလာနေတဲ့အကြောင်း မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-10-31
အင်တာနက် ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မြန်မာစာရေးသားမှုတွေဟာ သတ်ပုံသတ်ညွှန်း စံသတ်မှတ်ချက်တွေနဲ့ လွဲချော်တာတွေ များပြားလာတဲ့အပေါ် ဘာသာစကား ပျက်စီးသွားမယ့်အရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
2016-10-30
အကြီးစားကျောက်စိမ်းတူးဖော်မှုကို ယာယီရပ်ဆိုင်းပေဖို့၊ ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ နဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ပြည်ပကို တရားမဝင်ပို့ဆောင်နေတာတွေကို ဖမ်းဆီးပေးဖို့ ကျောက်အရောင်း အဝယ်လုပ်ကိုင်သူ ၃ ထောင်ကျော်က မန္တလေး မဟာအောင်မြေမြို့နယ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-29
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလမှာ နယ်မြေမအေးချမ်းမှုကြောင့် ရွေးကောက် ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်က မိုင်းရှုးနဲ့ ကျေး သီးမြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားပါတယ်။
2016-10-28
မြန်မာနိုင်ငံမှာ ကလေးမွေးနှုန်းကျဆင်းလာတာဟာ အမျိုးသမီးတွေ အိမ်ထောင်ပြုတဲ့နှုန်း နည်းလာတာ နဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေ အိမ်ထောင်ပြုနှုန်းနည်းလာတာကို ဖြေရှင်းဖို့ အမျိုးသားတွေဘက်က ပြုပြင်ရမှာတွေရှိသလို တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးဖို့လည်း လိုတယ်လို့ သုံးသပ်ကြပါတယ်။
2016-10-28
မြန်မာစိၤးပွားရေးမြှင့်တင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တွေ သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အောက်တိုဘာလ ၂၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကနေ နှေးကွေးနေတဲ့ မြန်မာ့စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့လို့ ဆိုပါတယ်။