သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-03
ဒီလကုန်ပိုင်း မြန်မာနိုင်ငံကိုလာရောက်မယ့် အာဆီယံအထူးသံ ပရက်ဆော့ခွန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ ပေးမတွေ့ဘူးဆိုရင် အမေရိကန်၊ အီးယူနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အာဆီယံဆိုင်ရာ NUG သံအမတ် ဦးဘိုလှတင့်က ပြောပါတယ်။
2022-05-03
မြန်မာနိုင်ငံမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လျော့ကျရေး အတွက် နိုင်ငံတကာက ပြောဆိုနေပေမယ့် လက်တွေ့ မှာ သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှရှိနေဆဲဖြစ်သလို အခုနောက်ပိုင်း အပြန်အလှန်သတ်ဖြတ်မှုတွေ ပိုများလာတယ်လို့ လေ့လာသူတွေကပြောပါတယ်။
2022-05-02
စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေလို လွတ်လပ်စွာပြောဆိုရေးသားထုတ်ဝေခွင့်အပြည့်အဝမရှိခဲ့တဲ့ မြန်မာပြည်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ပိုဆိုးပြီး အနုတ်လက္ခဏာပြသွားပြီလို့ သတင်းသမားတွေက သုံးသပ်ကြပါတယ်။ စစ်တပ်က သတင်းဌာနတွေ၊ သတင်းထောက်တွေကို ရန်သူလိုသဘောထားပြီး နှိမ်နင်းနေတယ်လို့ သတင်းသမားတွေက ပြောကြပါတယ်။
2022-05-02
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီရဲ့ တရားရုံးတွေကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒု-ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိ စုစုပေါင်း ၁၄ ဦးကို အဂတိမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
2022-05-01
စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄ လအတွင်း အဖမ်းခံထားရသူတွေထဲမှာ လသားအရွယ် ကလေး တွေအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၅ဝ ကျော် ပါဝင်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ၊ မိသားစုနဲ့အတူ ဖမ်းဆီးထားတာတွေဟာ တရားဥပဒေနဲ့မညီသလို ကလေးသူငယ်အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
2022-04-30
ရှမ်းလူမျိုးတွေရဲ့ အကျိုးကိုဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးခွန်ထွန်းဦး ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ရန်ကုန်မြို့ ၉ မိုင်က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
2022-04-29
အောက်လွှတ်တော်အမတ် ရူရှနာရာ အလီရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာ ပစ်မှတ်ထားအရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးနေပြီး မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။
2022-04-29
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၆ဝဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပေမယ့် ပြန်လွှတ်ပြီးပြီးချင်းမှာပဲ အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရလို့ အခုလို ဟန်ပြလွှတ်ပေးခဲ့တဲ့အပေါ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
2022-04-29
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပဲရင်းတောင်ရွာမှာ အခုလ ၁၆ ရက်နေ့က ရွာသား ကိုးဦး PDF လို့ စွပ်စွဲခံရပြီး စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
2022-04-29
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ NLD ပါတီဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်လိုက်ပါတယ်။
2022-04-29
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်စရင် တိုက်ခိုက်သွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ် PDF အဖွဲ့ ၁၆ ဖွဲ့က ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးထားပါတယ်။
2022-04-28
မန္တလေးက သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ ဧပြီ ၂၁ ရက်နေ့မှာ တယ်လီဂရမ်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေ၊ ဆက်နွှယ်သူတွေကို သတ်ဖြတ်ချေမှုန်းမယ်လို့ ပါရှိပါတယ်။
2022-04-28
ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့ တယ်လီဂရမ်မှာ NLD ပါတီထောက်ခံသူတွေ တော်လှန်ရေးမှာ ပါဝင်သူအပြင် သတင်းမီဒီယာတွေဖြစ်တဲ့ ခေတ်သစ်မီဒီယာ၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီနဲ့ ဧရာဝတီတိုင်းမ်စ် တို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ လိုအပ်တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။
2022-04-28
မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းခံခဲ့ရတဲ့ ရွေးကောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်သွယ်မှုတွေရှိခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုလိုက်ပါတယ်။
2022-04-28
စစ်ကိုင်းတိုင်းထဲက အင်တာနက် ဖြတ်တောက်ခံထားရတဲ့မြို့တွေကို စစ်ကောင်စီက လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်းမှာတင် မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုနယ်ထဲမှာရှိတဲ့ ရွာငါးရွာက နေအိမ် ၅၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။