NUG အစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

2022.04.28
NUG အစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား
AFP Photo

မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းခံခဲ့ရတဲ့ ရွေးကောက်ခံ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်သွယ်မှုတွေရှိခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုလိုက်ပါတယ်။ ဒါဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင် တစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီသတင်းကို BenarNews က ဦးဆုံးဖော်ပြခဲ့တာဖြစ်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ထံက အိတ်ဖွင့်ပေးစာတစ်စောင်ကို တုံ့ပြန်ခဲ့ရာမှာ အာဆီယံရဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် တစ်စုံတစ်ရာ ဆောင်ရွက်မှု မရှိခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါ့ပြင် NUG အမျိုး သားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့လည်း တိုက်တွန်းလိုက် ပါတယ်။

APHR ရဲ့ စာထဲမှာ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ NUG အစိုးရနဲ့ အမြန်ဆုံး တရားဝင် ဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin ကလည်း NUG နိုင်ငံခြားရေးဝန်ကြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံ ကောင်စီ NUCC ဥက္ကဋ္ဌနဲ့ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သူရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

NUCC မှာ NUG အမျိုးသား ညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ကြပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ နဲ့ NUG ကြား လျှို့ဝှက်ဆက်သွယ်မှုတွေ ရှိနေပုံရသလို မလေးရှား နိုင်ငံခြား ရေးဝန်ကြီးရဲ့ တွစ်တာ ဖော်ပြချက် ကလည်း အခုလို ဆက်သွယ်မှုတွေရှိခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပထမဆုံးအကြိမ် ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။

အလားတူ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေး ကလည်း တစ်နှစ်လောက် နှေးကွေးလေးလံနေခဲ့ပြီးတဲ့နောက် တချို့ အရှေ့တောင်အာရှ အစိုးရတွေ NUG နဲ့ ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက် ဆက်ဆံမှုတွေ စတင်လာခဲ့ပါတယ်။

 
ပြီးခဲ့တဲ့သီတင်းပတ်က အချက်ငါးချက်ပါ အာဆီယံ သဘောတူညီချက် တစ်နှစ်ပြည့်ချိန်မှာ မြန်မာနဲ့ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ရည်ရွယ်ချက်နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းရေး ဖော်ဆောင်ဖို့ ရည်မှန်းခဲ့ ကြပါတယ်။ လက်ရှိ အခြေအနေမှာ နိုင်ငံရေး အကျိုးရလဒ် သေးငယ်နေဆဲဖြစ်ပါတယ်။ ဒါ ကြောင့် မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အာဆီယံ သဘော တူညီချက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အားလုံးပါဝင်တဲ့ ပဋိပက္ခချုပ်ငြိမ်းရေးဆွေးနွေး မှု လမ်းကြောင်းဖွင့်လှစ်ဖို့ ပြောဆိုတာတွေလည်း ရှိပါတယ်။
 
ဒါပေမဲ့ ပြဿနာက အာဆီယံအနေနဲ့ ရိုးရိုးသားသား အကောင်းမြင်စိတ်နဲ့ ဆွေးနွေးပွဲဝင်မယ် ဆိုပေမယ့် မြန်မာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးမရှိဘဲ သူ့ရဲ့ အာဏာခြေကုပ်စွမ်းအား လျော့သွားမှာသာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ စာရင်းအရ စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့နေရာတွေမှာ ပြည်သူ အနည်းဆုံး ၁၇၉၈ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
 
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ရဲ့ အိတ်ဖွင့်ပေးစာတစ်စောင် မှာ စစ်ကောင်စီကြောင့် တစ်နှစ်လောက် မလှုပ်ရှားနိုင်ဖြစ်ခဲ့ရပြီးတဲ့နောက် အာဆီယံအနေနဲ့ မြန်မာ စစ်တပ်အပေါ် ဖိအားတွေ ပိုပေးသင့်ကြောင်း၊ ဒီနှစ်အတွင်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အချက်ငါးချက်ပါ အာဆီယံ သဘောတူညီချက်ကို တစ်ချက်မှ အကောင် အထည်မဖော်နိုင်ခဲ့ကြောင်း၊ ဒါ့ပြင် မြန်မာပြည်သူတွေအပေါ် သူ ကျုးလွန်ခဲ့တာတွေ၊ ဒေသတွင်း နိုင်ငံတွေကို အရေးမစိုက်ခဲ့တာတွေအတွက် အာဆီယံအနေနဲ့ သူ့အပေါ် ပိတ်ဆို့အရေးယူဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။