သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-01
အခုလို ၂၀၁၅ ခုနှစ်ကို စတင်ဝင်ရောက်တဲ့ နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာစာပေတွေ ရေးသားဟောကြားနေတဲ့ ဆရာတော် ရဝေနွယ် (အင်းမ) ခေါ် အရှင်ရာဇိန္ဒကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က လျှောက်ထားတင်ပြထားပါတယ်။
2015-01-01
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ ၂၀၁၄ နှစ်ကုန်ခါ နီးလောက်မှာ ဖြစ်မယ် လို့ ပြောဆိုခဲ့ကြပေ မယ့် ဖြစ်မလာပဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောကြပါတယ်။
2015-01-01
၂ဝ၁၄ ခုနှစ် သုံးသပ်ချက်နဲ့ ၂၀၁၅ ခုနှစ် ခန့်မှန်းချက်တချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
2014-12-31
၂၀၁၄ ခုနှစ်အတွင်း အထင်ကရဖြစ်တဲ့အထဲမှာ စစ်အစိုးရလက်ထက်ကတည်းက တပ်မတော် ဌာနဆိုင်ရာတွေက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧကပေါင်းများစွာကို ပြန်ပေးဖို့ လွှတ်တော်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
2014-12-31
၂၀၁၄ ခုနှစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်း ပုံ ပြင်ဆင်ရေးကို အဓိကထားပြီး ကြိုးပမ်းခဲ့တဲ့နှစ် လို့ ပြောရမှာ ဖြစ်ပါတယ်။
2014-12-30
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က သတင်းမီဒီယာ သမားတွေနဲ့ တွေ့ ဆုံပြီး သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေ ကြားခဲ့ပါတယ်။
2014-12-28
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက် ပြီး ပေါ်ပေါက်နေတဲ့ ပြဿနာတွေကြောင့် ဒေသခံတွေ နစ်နာနေတဲ့အတွက် အမြန်ဆုံး တိတိကျကျ အဖြေရှာဖြေရှင်းဖို့ လိုနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ကို မသင်းသီရိက တင်ပြမှာပါ။
2014-12-28
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ဒီနေ့ ကျင်းပတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦးတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2014-12-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ် ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေ တဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်လောက်က တောင်ကုတ်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-27
ပြီးခဲ့တဲ့ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း မိုးကြိုးပြင်အလယ်ရွာ က ဒေါ်ခင်ဝင်း သေဆုံးခဲ့တာနဲ့ ကျေးရွာသားတွေ ဒဏ်ရာရခဲ့တာကို အစိုးရက တရားမျှတမှု ရှိအောင် ဖြေရှင်းပေးဖို့ မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-12-27
ပထမဆုံးအကြိမ် ပြည်သူတွေက မဲပေးတဲ့စနစ်နဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ဒီနေ့ ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
2014-12-27
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2014-12-26
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေမှာ ဒီလ ၂၂ ရက်နေ့က သေဆုံးသွားခဲ့ရတဲ့ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို ဒီနေ့ကျင်းပ ရာမှာ ဘေးပတ်ဝန်းကျင်ရွာတွေက လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
2014-12-25
လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား ပဋိပက္ခနဲ့ တောင်အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံက တရုတ် Collum ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီနဲ့ ဇမ်ဘီယာနိုင်ငံသားတွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် နှိုင်းယှဉ် တင်ပြ ထားတာ နားဆင်နိုင်ပါတယ်။
2014-12-25
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်မှာ သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးကို အာမခံမပေးပဲ အကျဉ်းချထားတဲ့အပေါ် ဝေဖန်တာတွေရှိနေပါတယ်။