သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-01-02
မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦးရဲ့ အယူအဆတွေကို တင်ပြဖို့စီစဉ်ထားပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းက ဦးတင့်ဆွေ ခေါ် ကျားကြီးတင့်ဆွေနဲ့ ဦးရာကျော်တို့ဖြစ်ပြီး ၁၉၇၅ ဇွန်လ ရွှေတိဂုံအရေးအခင်းကတော့ ဦးဉာဏ်အေးဖြစ်ပါတယ်။ ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
2014-01-02
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေအပေါ် ရှုမြင်သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
2014-01-02
၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ စီးပွားရေးဆိုင်ရာ လေ့လာသူတချို့ရဲ့ အမြင်တွေကို အာဖက်အေ အဖွဲသား ကိုကျော်သူ က ခုလို တင်ပြထားပါတယ်။
2014-01-02
၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ထူးခြားတဲ့ဖြစ်ရပ်တွေကို အာဖက်အေက နှစ်ပတ်လည် အထူးအစ်ီအစဉ်အဖြစ် တင်ဆက်မှာဖြစ်ပါတယ်။ အထင်ကရ အဖြစ်အပျက် တချို့ကို အာဖက်အေ အဖွဲ့သူ ဒေါ်ခင်ခင်အိက တင်ပြပါမယ်။
2013-12-13
မြောက်ကိုးရီးယားခေါင်းဆောင် ကမ်ဂျုံးအန်က သူ့ရဲ့ဦးလေး ချန်စွန်တက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ကြာသပတေးနေ့က သေဒဏ်ပေး ကွက်မျက်လိုက်တဲ့အတွက် ကမ္ဘာတဝှမ်း သတင်းထူးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အာဏာရှင်နိုင်ငံတွေရဲ့ သမိုင်းကိုကြည့်ရင် ဘာမှ အံ့သြစရာ မဟုတ်ပါဘူးလို့ ဝေဖန်ပြောကြားသူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာကော ဘယ်လိုအဖြစ်အပျက်တွေ ရှိခဲ့ပါသလဲ။ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2013-11-28
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံရဲ့ ပထမဆုံး မြန်မာပြည်တွင်း သတင်းထောက် ကိုမိုးသူအောင်ဟာ အခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သတင်းထောက် ကိုမိုးသူအောင်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုခဲ့တွေကို အမှတ်တရ အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-11-26
ဒီနေ့ကျရောက်တဲ့ ၉၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ အကျိုးကျေးဇူးတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-08-21
၁၉၈၈ လူထုအုံကြွမှုငွေရတု အထူး အစီအစဉ်ကို သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး နေ့စဉ် ထုတ်လွှင့်ခဲ့ရာမှာ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ် ၂ဝ ကျော်ရဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သားတွေက စုဆောင်း တင်ဆက်ခဲ့ကြပါတယ်။ အဲဒီ ထုတ်လွှင့်ချက်တွေထဲက အချို့ကို အနှစ်ချုပ်အဖြစ် ဦးခင်မောင်စိုးက တင်ပြခဲ့ရာမှာ မနေ့က ပထမပိုင်းကို တင်ဆက်ခဲ့ပါတယ်။ နောက်ဆုံးပိုင်း ကို အခုနားဆင်ပါ။
2013-08-20
၁၉၈၈ လူထုအုံကြွမှု ငွေရတု အထူးအစီအစဉ်ကို RFA က သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး နေ့စဉ် ထုတ်လွှင့်ခဲ့ရာမှာ အရေးတော်ပုံပါဝင်ဖြတ်သန်းခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ် ၂ဝ ကျော်ရဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သားတွေက စုဆောင်း တင်ဆက်ခဲ့ပါတယ်။ အဲဒီ ထုတ်လွှင့်ချက်တွေထဲက အချို့ကို အနှစ်ချုပ်အဖြစ် ဦးခင်မောင်စိုးက တင်ပြမှာဖြစ်ပါတယ်။ ပထမပိုင်းကို အခုနားဆင်ပါ။
2013-08-19
ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ NLD အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ခင်စန်းနွယ်ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
2013-08-17
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်း ရဲစခန်းရှေ့မှာ ဆန္ဒပြပြည်သူထောင်ပေါင်းများစွာ ပြစ်ခတ်သတ်ဖြတ်ခံရစဉ်က ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးခင်မောင်ရွှေ ရဲ့ ပြောဆိုချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2013-08-16
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ လက်ရှိ NLD နာယက သူရ ဦးတင်ဦးရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဒါ်ခင်ခင်အိက တင်ပြထားပါတယ်။
2013-08-15
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ NLD နာယက ဆရာဦးဝင်းတင်ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
2013-08-15
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ မန္တလေးက စာရေးဆရာ ညီပုလေးနဲ့ ရေနံချောင်းမြို့မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်တဲ့ကိုမောင်မောင်ဝမ်း တို့ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဦးသစ်ဆင်းက တင်ပြထားပါတယ်။
2013-08-14
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ကဗျာဆရာအောင်ဝေးရဲ့ ၁၉၈၈ ခုနှစ်က အတွေ့အကြုံတချို့ကို ဒီကနေ့နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်စန်းစန်းတင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။