သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-18
၂၀၂၂ မတ်လ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ၃၆ ကြိမ်၊ မန္တလေးမြို့မှာ ၃၄ ကြိမ် စုစုပေါင်း အကြိမ် ၇၀ အထိ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
2022-03-18
စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ မတ်လ ၁ ရက်ကနေ ၁၅ ရက်အထိ လူ ၆၉ ဦး သေဆုံးခဲ့ပါတယ်။
2022-03-17
မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး ၁၅ ဦးရဲ့ ဆေးကုသခွင့်လိုင်စင် (ဆ/မ လက်မှတ်) တွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒီအဖြစ်အပျက်ကို သိရှိထားတဲ့ မန္တလေး ဆရာဝန်တွေက RFA ကို ပြောပါတယ်။
2022-03-17
စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနကနေ ဓာတ်အားလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပြင်ဆင်၊ ချိတ်ဆက်တာတွေ လုပ်မယ်လို့ ကြေညာထားတဲ့ မတ်လဆန်းပိုင်းကစလို့ မြန်မာနိုင်ငံမှာ တစ်နေ့ကို လျှပ်စစ်မီး ၁၀ နာရီကနေ ၂၄ နာရီ (တစ်ရက်လုံးနီးပါး) ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-17
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ၁၃ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီးအယောက် ၁၅ဝ ဝန်းကျင်နဲ့ ကလေး ၁၃ဝ လောက် အသတ်ခံရပြီး စစ်ကိုင်းတိုင်းမှာသေဆုံးမှု အများဆုံးဖြစ်တယ်လို့ NUG အစိုးရက ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2022-03-17
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်း တွေ ပိုဆိုးလာခဲ့သလို ပြည်သူတွေရဲ့ လူနေမှုဘဝတွေလည်း ပိုပြီး ခက်ခဲလာခဲ့ပါတယ်။
2022-03-17
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဂျပန်အစိုးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
2022-03-17
၂၀၂၁ ဒီဇင်ဘာလဆန်းကနေ ၂၀၂၂ မတ်လဆန်းအထိ ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ မန္တလေးတိုင်း မြစ်ငယ်မြို့၊ ပဲခူးတိုင်း တောင်ငူနဲ့ စစ်တွေမြို့က ကျူးကျော်လို့စွပ်စွဲခံရတဲ့ အဆောက်အအုံ ၁၃၉၂ လုံး ဖျက်ဆီးခံရပြီး လူ ၅၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။
2022-03-16
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်း ထောင်သောင်းများစွာ ကလုပ်ငန်းခွင်တွေကို ကျောခိုင်းပြီး CDM အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ အခုထိ အုပ်ချုပ်ရေးယန္တရားကို ပုံမှန်လည်ပတ်နိုင်ခြင်း မရှိပါဘူး။ အဲဒီ CDM ဝန်ထမ်းအများစုဟာ အခက်အခဲ မျိုးစုံကြားက ကြံ့ကြံ့ခိုင် ရပ်တည်နေကြပါတယ်။
2022-03-16
Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။
2022-03-16
ယူကရိန်းစစ်ပွဲ အရှိန်ပြင်းလာတာနဲ့အမျှ ရုရှားရဲ့လုပ်ရပ်တွေဟာ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေထဲမှာ မပါတော့တဲ့ မြန်မာနိုင်ငံကဖြစ်ရပ်တွေနဲ့ တစ်ထပ်တည်း တူလာနေတာ တွေ့ရပါတယ်။
2022-03-16
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် ပြီးခဲ့တဲ့ လလောက်ကစပြီး ငွေစက္ကူအတု အရောင်းအဝယ်တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
2022-03-15
မြန်မာအာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီး မြေပြင်နဲ့ဝေဟင်ကပါ တိုက်ခိုက်နေတာဟာ ဒုတိယကမ္ဘာစစ်အတွင်း ကထက်ပိုမိုဆိုးရွားနေကြောင်း လူသားချင်းစာနာကူညီရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Rangers အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး David Eubank က ပြောပါတယ်။
2022-03-15
ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး နုတ်ထွက်ကြဖို့ ရေစကြို PDF က သတိပေးလိုက်တာကြောင့် မတ်လဆန်းကစလို့ ဆေးရုံ လေးခုနဲ့ အခြေခံပညာကျောင်း ၂၀၀ နီးပါး ပိတ်သွားပါတယ်။
2022-03-15
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်၊ ဇနီးဖြစ်သူနဲ့ လသားအရွယ် ကလေးငယ် သတ်ဖြတ်ခံရတဲ့အပေါ် ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူနိုင်ရေး ဝိုင်းဝန်းတွန်းအားပေးကြဖို့ အရပ်ဖက်အဖွဲ့စည်းတွေက တောင်းဆိုနေကြပါတယ်။