သြင်္ကန်ကာလ အလုပ်ပိတ်ရက်လျှော့လို့ဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုး


2017.03.18

သြင်္ကန်ကာလရုံးပိတ်ရက်ကို ၁၀ ရက်ကနေ ၅ ရက်လျှော့ချမယ်လို့ NLD အစိုးရက ကြေညာလိုက်တဲ့အတွက်၊ အစိုးရဝန်ထမ်းတွေရော၊ စက်ရုံအလုပ်သမားတွေဆီကပါ မကျေနပ်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။ အထူးသဖြင့် နယ်ဝေးက မိသားစုတွေနဲ့ ပြန်တွေ့ရတဲ့ရက်၊ တရားစခန်းဝင်ရတဲ့ ရက်တွေနဲသွားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားတွေကမချိတင်ကဲ ဖြစ်ကြတာကို တွေ့ရပါတယ်။
တကယ်တော့ သြင်္ကၤန်တွင်းရုံးပိတ်ရက်ကို အရင်က အကျနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့ထိသာ ပိတ်လေ့ရှိခဲ့ပြီး၊ ၁၀ ရက်ပိတ်ပေးမယ်ဆိုတာကို စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီကာလမှာ စစ်အစိုးရက နေပြည်တော်ကို အစိုးရရုံးတွေရွှေ့၊ ဝန်ထမ်းတွေကို ပြောင်းနေတဲ့ကာလဖြစ်ပါတယ်။
ဒါကြောင့် သြင်္ကန်ကာလ ပိတ်ရက်ကို အရင်ထက်ပိုတိုးပေးခဲ့တာဟာ နိုင်ငံရေးရည်ရွယ်ချက် ပါခဲ့တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ အလုပ်ပိတ်ရက်လျှော့လို့ဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။