သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-16
အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
2017-10-16
ရခိုင်ပြည်နယ်အရေးအပါအဝင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်း ရင်ပြင်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-10-16
အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ဒီနေ့ ပြောပါတယ်။
2017-10-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်က မြန်မာကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-10-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် NCA မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ဆောင်ရွက်ဖို့ လိုနေသေးတဲ့ ကိစ္စတွေအပေါ် တပ်မတော်တာဝန်ရှိသူနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
2017-10-16
မြန်မာနိုင်ငံရဲ့ လက်ရှိသတင်းမီဒီယာ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးခန်းမှာ စက်တင်ဘာ လ ၂၆ နေ့က အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2017-10-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်က မြန်မာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-10-16
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်စာချုပ် NCA မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ဆောင်ရွက်ဖို့ လိုနေသေးတဲ့ကိစ္စတွေအပေါ် တပ်မတော်တာဝန်ရှိသူနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။
2017-10-16
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနက်ဖြန် မောင်တောမြို့နယ်ကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်ဖို့ ရှိနေပါတယ်။
2017-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ပါဟဲရွာက မြေဧက ၃၄ဝ ကျော်ကို ၁၉၉၇ မှာ ပထမဆုံး အသိမ်းခံရပါတယ်။ သိမ်းယူတဲ့ ပြည်ပကလာဖော်ဆောင်တဲ့ စီမံကိန်းက ထွက်ခွာသွားပေမဲ့ တောင်သူတွေ မြေပြန်မရဘဲ ဒီမြေကို တပ်ကထပ်သိမ်းပါတယ်။
2017-10-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရာမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်လက်ခံပေးဖို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားရေးအင်အားစုတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2017-10-15
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ကော်မရှင်က အရေးယူမှုမရှိခဲ့ပေမယ့် ပါတီတွင်း စည်းကမ်းနဲ့ ညီညွတ်မှုမရှိတာကြောင့်ဆိုပြီး အန်အယ်လ်ဒီပါတီရဲ့ အဆင့်မြင့်တာဝန်တွေမှာ ထမ်းဆောင်ခွင့် ၆ လ ရပ်ဆိုင်းလိုက်ပါတယ်။
2017-10-15
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေသူတွေအတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန AHA နဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၄သိန်းခွဲနီးပါးတန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ ဒီနေ့ ပေးအပ်လိုက်ပါတယ်။
2017-10-15
ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေလုပ် ဖို့ ဆွေးနွေးပြောဆိုမှုတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။
2017-10-15
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်အစိုးရကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီ တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။