သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-26
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ် ပွားနေတဲ့ မိုင်းရှူး၊ တန့်ယန်းနဲ့ ကျေးသီးမြို့ နယ်တွေ မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီ တချို့ တောင်းဆိုနေတာကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ဖက်သတ်မဆုံးဖြတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက တိုက်တွန်းလိုက်ပါတယ်။
2015-10-26
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မနေ့ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့၊ လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို ထိခိုက်ခံမှာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။
2015-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်မှာ ဟောပြောမှာ ဖြစ်ပါတယ်။
2015-10-26
လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သဘောထားတွေ ကို စုစည်းနိုင်ဖို့အတွက် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်း (ပန်ခမ်း)မြို့ မှာ ဆွေးနွေးပွဲ ကျင်းပသွားမယ်လို့ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီက ပြောပါတယ်။
2015-10-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ရန်ကုန် တိုင်း ကော့မှူးမြို့နယ်က ကျေးရွာတွေမှာ အောက်တိုဘာလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးရေးဆင်းခဲ့ ပါတယ်။
2015-10-26
လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဖြူးမြို့နယ် ပေါက်ဇ လုပ်ကျေးရွာမှာ မဲဆွယ်စည်းရုံး ဟောပြောခဲ့ ပါတယ်။
2015-10-25
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည် တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးတွေ ကျရောက်နေတဲ့အတွက် ဒေသခံ စစ်ဘေးဒုက္ခ သည် တစ်ရာကျော်ဟာ မနေ့က မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2015-10-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးမှုတွေ ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီ က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-10-25
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဖမ်းဆီးခံကျောင်းသားမိဖတွေနဲ့ သူတို့အတွက်လိုက်ပါဆောင် ရွက်နေတဲ့ အကျိုးဆောင်တွေ ရန်ကုန်မြို့ မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-10-25
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတဝှမ်း ပုံမှန်ရဲတပ် ဖွဲ့တွေနဲ့အတူ အထူးရဲတွေ အပါအဝင် အင်အားပေါင်း (၈) သောင်းကျော်နဲ့ လုံခြုံရေးချထား ဖို့ စီစဉ်ထားပြီး လိုအပ်တဲ့ နေရာတွေအတွက် စစ် တပ်အင်အားနဲ့ပါ လုံခြုံရေးယူသွားဖို့ စီစဉ်ထားတယ် လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေး ဌာနရဲ့ ညွန်ကြားရေးမှူး ရဲမှူးကြီး မျိုးသန့်က ပြောပါတယ်။
2015-10-25
မန္တလေးအခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများကွန်ယက် Election Observers Network, Mandalay က (No Abuse of Religions in Politics ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးခြင်းမပြုရ ) လို့ အမည်ပေးထား တဲ့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စာအုပ်တွေကို ဒီရက်ပိုင်းအတွင်း အခမဲ့ဖြန့်ဝေလိုက်ပါတယ်။
2015-10-25
အမျိုးဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တွေက မျိုးစောင့် ဥပဒေတွေကို အတည်ပြုပြဌာန်းနိုင်တဲ့ အထိမ်းအမှတ်နဲ့ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့က ဆရာတော်ဦးဥတ္တမပန်းခြံမှာ မနေ့က ထောက်ခံကြိုဆိုပွဲ ကျင်းပကြပါတယ်။
2015-10-25
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းအတွင်း မဲဆွယ်စည်းရုံးခွင့် တားမြစ်ထားတဲ့ နယ်မြေတွေဟာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရ ကန့်သတ် တာဖြစ်ကြောင်း မြို့နယ်ကော်မရှင်က အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေထံ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
2015-10-25
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA ကိုးကန့်နဲ့ အစိုးရ တပ်တွေအကြား မနေ့က တရုတ်မြန်မာ နယ်စပ်မှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2015-10-25
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှုးမြို့အနီးမှာ အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ် မတော်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးတွေပါ ရွာအနီးအနားထိ ကျရောက်နေတဲ့အတွက် ဒေသခံစစ်ဘေးဒုက္ခသည် တစ်ရာကျော် မနေ့က မိုင်းရှုးမြို့ပေါ်ကို ထွက်ပြေးလာ ခဲ့ကြပါတယ်။