ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ ရင်ပြင်မှာ ဟောပြောမည်
2015.10.26

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဟောပြောမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ကွင်းအမှတ်(၁) မှာ ညနေ ၃ နာရီကနေ စတင်ဟောပြောမှာဖြစ်တယ်လို့ NLD ပါတီရဲ့ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဦးက ပြောပါတယ်။
"၁ ရက်နေ့ ပြည်သူ့ရင်ပြင်မှာရတယ်၊ ပထမတော့ ကျိုက်ဝိုင်း သမိုင်းလေ၊ သမိုင်းကွင်းက တအားကျဉ်းတယ်၊ ကျဉ်းတော့ ပြည်သူ့ရင်ပြင်မှာရတယ်လို့ ကျနော်တို့ သတင်းရထားပါတယ်၊ ညနေ ၃ နာရီလောက်ဖြစ်မယ် ထင်ပါတယ်၊ ကျနော်တို့နှစ်ယောက်ရှိတုန်း ရန်ကုန်တိုင်းက ဖုန်းဝင်လာပါတယ်၊ ပြည်သူ့ရင်ပြင်မှာ ၁ ရက်နေ့ ညနေ ၃ နာရီပေါ့နော်၊ ဘဘ ဦးတင်ဦး နည်းနည်းပြောမယ်၊ နောက်ပြီးတော့ အန်တီပြောမယ်ပေါ့နော်"
အဲဒီနေ့ ဟောပြောပွဲမှာ(NLD) ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နာယက ဦးတင်ဦး လည်း တက်ရောက်မယ်လို့ သိရပါတယ်။
အရင်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားနားက ကွင်းပြင်မှာ ဟောပြောဖို့စီစဉ်ခဲ့ပေမယ့် နေရာ အခက်အခဲကြောင့် ပြည်သူ့ရင်ပြင်ကို ပြောင်းရွှေ့လိုက်တာလို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုသဘောထား၊ ရွေးကောက်ပွဲနေ့ ပေါ်ပေါက်လာနိုင်တဲ့ အဖြစ်အပျက်တွေ နဲ့ ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအောင်နိုင်ရေး ဆောင် ရွက်နေတဲ့ နာမည်ကျော် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အတွေးအမြင်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း တပ်နယ်မြေအတွင်းက ရွှေ့ပြောင်းလုပ်သားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းတွေ အခုထိ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး။ ဒီအတောအတွင်းမှာပဲ ပုသိမ်ဟိုင်းကြီးကျွန်းက တပ်မိသားစုတွေကို ကိုကိုးကျွန်းကို တပ်မတော်ရေယာဉ်တွေနဲ့ ပို့ဆောင်နေတယ်လို့ ကိုကိုးကျွန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
NLD ကိုယ်စားလှယ်လောင်းတွေ ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးနေတဲ့ နောက်ဆုံး အခြေအနေတွေကို ဦးဝင်းမင်း ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။