သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-12
မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး Francis ဟာ ငြိမ်းချမ်းရေးကိစ္စမိန့်ကြားမယ်လို့ ကက်သလစ်ဘုရားကျောင်းဆရာတော် Mariano Soe Naing က ဒီနေ့ပြောကြားလိုက်ပါတယ်။
2017-10-12
ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်နေကြတဲ့ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားတွေ မဟုတ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။
2017-10-12
အမေရိကန်ပြည်ထောင်စု အိုင်ဒါဟိုပြည်နယ်၊ ဘရစ်ဟမ်း ယန်း (Brigham Young) တက္ကသိုလ်မှာကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2017-10-12
ပဲဈေးနှုန်းကျဆင်းနေတာကို ထိန်းနိုင်ဖို့အတွက် ဒီကနေ့က စတင်ကာ ပဲကုန်သည်တွေစုစည်းပြီး မတ်ပဲနဲ့ ပဲစင်းငုံတွေကို နှုန်းထားသတ်မှတ်ပြီး ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။
2017-10-12
နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် MOU နဲ့ အစိုးရကခွင့်ပြုထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကနေတဆင့် ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ခဲ့ပေမယ့် စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ နေရပ်ကို ပြန်လာကြပြီး ဒီနေ့မနက်ပိုင်းမှာ မြဝတီမြို့ကို ရောက်လာပါတယ်။
2017-10-12
ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို လာမယ့် ၂၀၁၈ ခုနှစ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက ပြောပါတယ်။
2017-10-12
ဘာသာခြားဖြစ်လို့ဆိုပြီး ရွှေတိဂုံဘုရားအနီးမှာ ငုံးဥပြုတ်ရောင်းချနေရာကနေ နှင်ထုတ်ခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အမျိုးသမီးကော်မတီအဖွဲ့က ဒီကနေ့ ဆေးကုသဖို့ ငွေကျပ် ၇ သိန်းခွဲ လှူဒါန်းလိုက်ပါတယ်။
2017-10-12
မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ပြန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းကို ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ ကျခံစေဖို့ စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ အပြီးသတ်အမိန့် ချမှတ်လိုက်ပါတယ်။
2017-10-12
အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်အင်အား ၁၇၈၅ ဦးကို နာမည်နဲ့ ရွာအမည်တွေကို စာရင်းရရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2017-10-12
နေအိမ်ဌားရမ်းနေထိုင်သူတွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားဖို့ မလိုအပ်ပေမယ့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကို အကြောင်းကြားဖို့လိုအပ်တယ်လို့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
2017-10-12
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြီး ဆေးရုံတက်ကုသသူတွေ များလာတဲ့အတွက် မူဆယ်ဆေးရုံကြီးမှာ လူနာတွေအတွက် နေရာမလုံလောက်ဘဲ ဖြစ်နေပါတယ်။
2017-10-12
ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MOU အရ အစိုးရကခွင့်ပြုထားတဲ့ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံခဲ့ရတဲ့အပြင် ထိုင်းဥပဒေအရ တရားမဝင် အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
2017-10-12
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က အဖွဲ့ဝင် ၂၀ ကျော်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို ဒီနေ့ကနေ လာမယ့် အောက်တို ဘာလ ၁၅ ရက်နေ့အထိ ၄ ရက်ကြာ သွားရောက်မှာဖြစ်ပါတယ်။
2017-10-12
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စ ရီနာတာ ဒက်ဆာလီယံ Renata Lok-Dessallien ဟာ သူ့ရဲ့မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်တဲ့အချိန် ဒီလကုန်ရင် ပြီးဆုံးတော့မှာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-10-12
၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက် လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြား အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီကနေ ထုတ်လွှင့်ပေးနေပါတယ်။