သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-19
ကိုဗစ်ကာကွယ်ဆေး ဝေစုအတွက်ဆောင်ရွက်ပေးတဲ့ (COVAX) အဖွဲ့မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးထားတာကြောင့်၊ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အတည်ပြုတဲ့ဆေးတွေ ထွက်ရှိလာတာနဲ့ မြန်မာနိုင်ငံက ၂၀ ရာခိုင်နှုန်းအထိရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Dr. Stephan Paul Jost က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
2020-10-18
မြေယာပိုင်ဆိုင်ခွင့်တွေ၊ တောင်သူတွေရဲ့ အခွင့်အရေးတွေအတွက် ကူညီဆောင်ရွက်ပေးတဲ့ ဦးလွင်မောင်မောင်ဟာ စစ်တပ်အခြေစိုက်စခန်းတွေ တော်တော်များများရှိနေတဲ့ မိတ္ထီလာမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ပါလိမ့်မယ်။
2020-10-18
မွန်ပြည်နယ်၊ ရေး-မော်လမြိုင်ကားလမ်း ခံသင်းတံတားအနီးမှာ အောက်တိုဘာ ၁၅ ရက်ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီမှာ မွန်ပြည်သစ်ပါတီဘက်က အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
2020-10-18
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်နေတဲ့ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေလည်း ပိုးကူးစက် ခံနေရပါတယ်။ စီးပွားရေးနဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အကျပ်တည်းတွေကို မသန်စွမ်းသူ တွေလည်း ရင်ဆိုင်နေရပြီး အစိုးရ ထောက်ပံ့ကြေးကို မရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။
2020-10-18
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လို့ မြဝတီ-မဲဆောက် ကုန်သွယ်ရေးကို ဒီနေ့ကစပြီး ယာယီပိတ်ထားဖို့ ထိုင်းအစိုးရဘက်က အဆိုပြုထားတယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောပါတယ်။
2020-10-18
ရခိုင်ပြည်နယ် မြောက်ပိုင်း ၉ မြို့နယ်နဲ့ တောင်ပိုင်း ၄ မြို့နယ်က ကျေးရွာအုပ်စု တစ်ရာကျော်တို့မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ဟာ ရခိုင်ပြည်သူတွေတွေရဲ့ ရပိုင် ခွင့်ကိုသာမက ရခိုင်ပြည်ရဲ့ကံကြမ္မာကိုပါ ဗြောင်ကျကျ စိန်ခေါ်လိုက်တာလို့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနေ့က ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
2020-10-18
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့ Stay at Home အဖြစ် သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက် မနေ့က NLD ပါတီကို လူစုလူဝေးနဲ့ အင်အားပြထောက်ခံ လှည့်လှည်ရာမှာပါဝင်တဲ့ NLD ပါတီဝန်းရံသူ ၁၀ ဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အရေးယူမယ်လို့ သိရပါတယ်။
2020-10-17
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၇ ရက် ဒီနေ့ည (၈) နာရီမှာ ကြေညာလိုက်ပါတယ်။
2020-10-17
ရခိုင်နဲ့ ရှမ်းပြည်နယ်က (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်းတဲ့ အပြင် ကချင်၊ ကရင် ၊ မွန် ပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့ နယ်က ကျေးရွာအုပ်စု ၅၀၀ ကျော်မှာပါ ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-10-17
ဒီတစ်ပတ်အတွက် RFA စကားဝိုင်းအစီအစဉ်မှာ "ရွေးကောက်ပွဲကာလ၊ ပဋိပက္ခနဲ့ သတင်းအမှား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-10-17
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေက လူစုလူဝေးနှင့် မြို့အနှံ့ အင်အားပြလှည့်လည်ခဲ့ပါတယ်။
2020-10-17
မွန်ပြည်နယ်လွှတ်တော် မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိနေပြီး လာမယ့်လ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိသူ ဖြစ်ရေးအတွက် မဲဆွယ်နေကြပါပြီ။
2020-10-16
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၅ နှစ်မြောက်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ တပ်မတော်အနေနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်ထားဖို့ လိုလားကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကို ပြောင်းလဲကျင့်သုံးဖို့ ထောက်ခံပြောကြားခဲ့ပါတယ်။
2020-10-16
ဂျော်ဒန်နိုင်ငံက အထည်စက်ရုံတခုမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ဝ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒီအခြေအနေမှာ စက်ရုံကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်တာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို အလုပ်သမားတွေကြားမှာ စိုးရိမ်နေကြပါတယ်။
2020-10-16
ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် အမိန့်ပေးလိုက်ပါတယ်။