သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-19
နွေဦးတပ်ပေါင်းစု အထွေထွေသပိတ်ကော်မတီ နဲ့ ဗကသတို့ ပူးပေါင်းပြီး အင်းစိန်ထောင်ရှေ့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2022-02-19
မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစလို့ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ငါးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ဝ ဝန်းကျင် သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-02-19
ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2022-02-19
မန္တလေးက ဆန္ဒပြသူတွေဖြစ်ကြတဲ့ သံဃာ တစ်ပါးနဲ့ လူလေး ယောက်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်း က စစ်တပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
2022-02-19
ယင်းမာပင်မြို့နယ်ထဲက ရဲတပ်ရင်း ၂၈ စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
2022-02-19
ဒီအပတ် RFA စကားဝိုင်းမှာ စစ်ကောင်စီကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနား နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကျိုးရလဒ် အတိအကျမရရှိဘဲ ပြီးဆုံးသွားပုံ၊ ပြည်သူလူထုရဲ့တုံ့ပြန်ချက်၊ ICJ မှာ မြန်မာပြည်ကို တရားစွဲတဲ့ အမှုနဲ့ ပတ်သက်ပြီး ပြုလုပ်မယ့် ကြားနာပွဲအခြေအနေ၊ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်လိုက်တဲ့ အင်ဒို -ပစိဖိတ်ဆိုင်ရာ မဟာဗျူဟာ အပါအဝင် မြန်မာပြည်ရဲ့နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
2022-02-18
ကိုအောင်သွေးဟာ သူ့လိုပဲ အာဏာရှင်ကို တိုက်ထုတ်လိုတဲ့ ရည်ရွယ်ချက်တူ လူငယ်တွေနဲ့ တောထဲမှာအတူ စစ်သင်တန်း တက်ရောက်ခဲ့ပါတယ်။
2022-02-18
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတဲ့ မြန်မာ့မီးရထား ဝန်ထမ်းတွေဟာ စစ်ကောင်စီ အာဏာပိုင်တွေရဲ့ အလုပ်ကနေ ပယ်ထုတ်ခံရတာ၊ ဝန်ထမ်းအိမ်ရာတွေကနေ အတင်းအကြပ် ဖယ်ရှားခံရတာကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကြုံရာကျပန်း အလုပ်တွေနဲ့ အသက်မွေးနေကြရပါတယ်။
2022-02-18
ဒီကနေ့ ညနေပိုင်းက တခါသုံးကိုဗစ်စစ် ကိရိယာနဲ့ စစ်ကြည့်ရာမှာ ကူးစက်ခံထားရတာတွေ့ရှိတာကြောင့် ချက်ချင်းဆေးရုံပို့လိုက်တယ်လို့ ဆိုပါတယ်။
2022-02-18
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ နေ့စဉ် တိုးလာနေရာမှာ ဒီနေ့ တွေ့ရှိမှုဟာ အမြင့်ဆုံးဖြစ်ပါတယ်။
2022-02-18
မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ နည်းပညာပိုင်းရော၊ စီးပွားရေးအရပါ ခက်ခဲလာနေတယ်လို့ Mitsubishi Corp ကုမ္ပဏီရဲ့ ပြောခွင့်ရက ပြောပါတယ်။ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ၁.၉၃ ရာခိုင်နှုန်းကို Mitsubishi Corp ကုမ္ပဏီက သွယ်ဝိုက်ပိုင်ဆိုင်ထားတယ်လို့လည်း ဆိုပါတယ်။
2022-02-18
NLD ပါတီအနေနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်ဆေးမှုတွေကို လက်ခံ ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ဒီနေ့ပြောပါတယ်။
2022-02-18
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက မယဉ်မြတ်နိုးဦးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ မနေ့က ထောင်သုံးနှစ် ချမှတ်ခံရပါတယ်။
2022-02-18
အာဆီယံအထူးသံရဲ့ခရီးစဉ်မှာ NUG ကို မဖြစ်မနေ တွေ့ရမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောလိုက်ပါတယ်။
2022-02-18
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့ ရုံးထုတ်ခဲ့ပြီး စွပ်စွဲချက်တချို့ကို ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့ပါတယ်။