သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-24
စက်လှေပေါ်မှာပါလာသူတွေထဲက ရှစ်ဦးကို ကယ်လိုက်နိုင်ပေမဲ့ ဆယ်ဦးက ပျောက်ဆုံးတာနဲ့ သေဆုံးတာတွေ ဖြစ်ခဲ့ကြောင်း ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
2024-09-24
ပေါက်တောမြို့နယ် အနောက်ရဲ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူခုနစ်ဆယ်ခန့် ဝမ်းရောဂါကူးစက်ခံထားရပြီး အဲဒီအထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
2024-09-24
လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသူတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
2024-09-24
မြန်မာနိုင်ငံမှာ ရာဂီ မုန်တိုင်းကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲနီးပါး စိုက်ပျိုးမြေ အများအပြားကတော့ ပြန်လည်ထူထောင်ဖို့ အခက်ကြုံနေကြပါတယ်။
2024-09-24
မြိုင်မြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
2024-09-24
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ပြီး ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် အဆိုပြုလိုက်ပါတယ်။
2024-09-24
ဖြူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ နတ်လောင်းရွာနဲ့ လေးအိမ်စုရွာတွေကို စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-09-24
တောင်သာမြို့နယ် ရွာသာယာနဲ့ ရတနာပုံရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦး ဒဏ်ရာရပြီး အဆောက်အအုံတချို့လည်း ပျက်စီးခဲ့ပါတယ်။
2024-09-24
စစ်တပ်အာဏာမသိမ်းခင်က ဆေးရုံတစ်ရုံမှာ သူနာပြုလုပ်ခဲ့တဲ့ မအိဇင်ဟာ အခုတော့ သထုံခရိုင် အမှတ် ( ၂ ) PDF တပ်ရင်းရဲ့ ဆေးတာဝန်ခံဖြစ်နေပါပြီ။
2024-09-24
အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို အသိပေး အကြောင်းကြားလာတာ မရှိသေးပါဘူး။
2024-09-24
အာဏာသိမ်းကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့ ထိုင်းအစိုးရကို NUCC က မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။
2024-09-24
သီပေါမြို့နယ် နားလွယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-09-24
မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ဘေးဒုက္ခသည် ၂၀၅ ဦး စက်တင်ဘာဒုတိယပတ်အတွင်းမှာ ထပ်မံခိုလှုံလာတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
2024-09-24
ဘုတလင်မြို့နယ်က ကျွဲသေချောင်းနဲ့ ကတိုးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား နှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။
2024-09-23
ပြည်တွင်းအခေါက်ရွှေ ရည်ညွှန်းဈေးနှုန်းဟာ နှစ်ရက်အတွင်းမှာတင် ကျပ်တစ်သိန်းကျော် မြင့်တက်လာပါတယ်။