သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-01
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတဲ့ ဟိုတယ်၊ ရေနံချက်စက်ရုံ၊ ဆီအုန်းစိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေး စတဲ့လုပ်ငန်း ၄ ခုကို တိုင်းဒေသကြီး အစိုးရက ယာယီရပ်နားခိုင်းထားပါတယ်။
2017-10-01
အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၀၀၀ ထက် မနည်းသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီကို အကြံပြုပြောကြားလိုက်ပါတယ်။
2017-10-01
ရခိုင်ပြည်နယ်မှာ ဆူပူမှုတွေ လုပ်ဆောင်ဖို့အတွက် မကွေးတိုင်းအတွင်း ငွေပေးပြီး လူစုနေသူကို မကွေးခရိုင် တရားရုံးမှာ တရားစွဲထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
2017-10-01
ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်သမားတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတိုင်းရင်း သားတွေနဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ကျန်ခဲ့တဲ့ ဟိန္ဒူမိသားစုတွေအတွက် လုံခြုံရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်နဲ့ သနန္တနဓမ္မပါလ အဖွဲ့ချုပ်တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2017-09-30
စက်တင်ဘာလ ၃ဝ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" လူမျိုး၊ ဘာသာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးဣဿရိယ (အလုပ်အမှုဆောင်ဆရာတော် - ငြိမ်းချမ်းမြန်မာ) နဲ့ ဦးအေးလွင် (Religions For Peace) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-09-30
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်သွားသူတွေအနေနဲ့ ပြန်လာချင်တယ်ဆိုရင် မြန်မာနိုင်ငံထဲမှာ နေထိုင်ဖူးတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာပြသနိုင်ရမှာဖြစ်ပြီး လိုအပ်တဲ့အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးပြီးမှသာ လက်ခံနိုင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-09-30
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရခိုင်၊ ရှမ်း၊ ကချင်၊ ဗမာ စတဲ့ တိုင်းရင်းသားပြည်သူ ၂ ထောင်လောက်က ရခိုင်ပြည်နယ် မောင်တောဒသက အကြမ်းဖက်မှုတွေကို ဒီနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
2017-09-30
မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဖျက်သိမ်းပြီးနောက် အဲဒီအေဂျင်စီ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဘက်ကို ကွင်းဆင်း စိစစ်ခဲ့တယ်လို့ သိရပါတယ်။
2017-09-30
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေအဖြစ် ရောက်ရှိနေသူတွေ ပြန်လာချင်တယ်ဆိုရင် ပြန်လည်နေထိုင်လိုကြောင်း ပုံစံစာရွက်တွေနဲ့အတူ NV ကဒ် ဒါမှမဟုတ် ဝှိုက်ကဒ်ပြန်လည်အပ်နှံထားတဲ့ ပြေစာအထောက်အထား တင်ပြဖို့လိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။
2017-09-30
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ နေရာကို တပ်မတော်က မိုင်းပန်မြို့နဲ့ အစိုးရဘက်က လင်းခေးမြို့တွေကို အဆိုပြုထားတာတွေ ရှိပေမယ့် အားလုံးပါဝင်နိုင်ရေးအတွက် သွားလာရေးလွယ်ကူတဲ့ တောင်ကြီး နဲ့ ပင်လုံမြို့တွေမှာသာ ကျင်းပခွင့်ပေးဖို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အနေနဲ့ ထပ်မံတောင်းဆိုသွားဖို့ရှိတယ် လို့ သိရပါတယ်။
2017-09-30
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ယာဉ်တိုက်မှု အဖြစ်များနေပြီး ထိခိုက်ဒဏ်ရာတာ သေဆုံးတာတွေလည်း ရှိနေပါတယ်။
2017-09-30
ကျေးရွာအုပ်ချုပ်ရေးမှူး ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခံခဲ့ရတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် ကို ထောက်ခံကြောင်း ဒေသခံ ၅ ရာလောက်က ဒီကနေ့ မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာနဲ့ မော်လမြိုင်ရေပေါ်ဈေးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2017-09-29
ရခိုင်ပြည်နယ်ကိစ္စဟာ ကြိုတင်ကြံစည်ထားတဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဂျင်မီက ပြောလိုက်ပါ တယ်။
2017-09-29
ဒီကနေ့မှာတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့က အဖြစ်အပျက်တွေကို ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် အထူး အစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုနေရိန်ကျော်၊ ကိုကျော်ကျော်အောင်၊ မခင်ခင်အိနဲ့ မသင်းသီရိ တို့က တင်ဆက်ထားပါတယ်။
2017-09-29
အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားတွေကို ရိုက်နှက်သွန်သင်ဆုံးမတာတွေမလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန် လိုက်တာနဲ့ပတ်သက်လို့ ကလေးတွေကို ရိုက်သင့်၊ မရိုက်သင့် အမြင်အမျိုးမျိုး ထွက်ပေါ်လာပါတယ်။