အကြမ်းဖက်မှုတွေကို ကန့်ကွက်ဆန္ဒပြ


2017.09.30
sannaw-kachin-622 ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဂျိန်းဖောအမျိုးသား ဦးဆိုင်းနော် ကို စက်တင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရခိုင်၊ ရှမ်း၊ ကချင်၊ ဗမာ စတဲ့ တိုင်းရင်းသားပြည်သူ ၂ ထောင်လောက်က ရခိုင်ပြည်နယ် မောင်တောဒသက အကြမ်းဖက်မှုတွေကို ဒီနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ ကချင် တိုင်းရင်းသား ကိုယ်စားလှယ် ဂျိန်းဖောအမျိုးသား ဦးဆိုင်းနော်က တိုက်တွန်းခဲ့ပါတယ်။

"ဒီပြဿနာက ဘာသာရေးမဟုတ်ဘူး။ ဒါက အကြမ်းဖက်တယ်။ အစွန်းရောက်တယ်။ ခိုးဝင်ကျူးကျော်တဲ့ ပြဿနာပဲဖြစ်တယ်။ အခုလို အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီတွေဟာ သူတို့ဇာတိ၊ သူတို့နေရာဖြစ် တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်သွားတာ ကျနော်တို့ ပြန်လည်ပြီးမှ လက်ခံစရာလည်းမလိုဘူး။ သူတို့ လာရာလမ်းအတိုင်း သွားတာဖြစ်လို့ ကျနော်တို့ နိုင်ငံကို ပြန်မလာနဲ့။ ကျနော်တို့ လက်လည်းမခံဘူး။ ဒါကြောင့် ဒီအစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်တွေကို ကျနော်တို့ မြန်မာ့တပ်မတော်က ပြတ်ပြတ် သားသားနဲ့ ချေမှုန်းဖို့၊ မောင်းထုတ်ဖို့ ကျနော် တိုက်တွန်းလိုပါတယ်"

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ လူစည်ကားရာနေရာနဲ့ ရပ်ကွက်တချို့ကို ချီတက် လှည့်လည်ခဲ့ကြပြီးနောက် ရမ်ပှုရပ်ကွက်က အနန္တသုခရွှေတိဂုံဓါတုစေတီတော်ကြီး ပုရဝဏ်အတွင်းမှာ စုဝေးပြီးဟောပြောခဲ့ပါတယ်။

အစိုးရက တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးကိုရှေးရှုပြီး ရခိုင်ပြည်နယ်အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင် အစိုးရနဲ့အတူ ရပ်တည်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အလားတူ ဆန္ဒပြဟောပြောပွဲတွေကို တောင်ကြီး၊ ပုသိမ်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်း က ပြုလုပ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။