ရခိုင်အရေး ရန်ကုန်မြို့မှာ ဆန္ဒပြ


2017.09.18
rakhine-protest-622.jpg ရခိုင်အရေးနဲ့ ပတ်သက်ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေစဉ်
Photo: Htet Arker/ RFA

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကန့်ကွက်ရေး၊ အကြမ်းဖက်မှုတွေ ဆန့်ကျင်ရေးနဲ့ မြန်မာပြည်အရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို ရှုတ်ချရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရာနဲ့ချီတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ  ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ကိုဖီအာနန်ကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်တွေထဲက အချက် ၂၆ ချက်ကို ကန့်ကွက်ကြောင်း စာရွက်တွေ ဖြန့်ဝေခဲ့ပါတယ်။

ကန့်ကွက်တဲ့အချက်တွေကတော့ ၁၉၈၂ နိုင်ငံသားဥပဒေကို ရေတိုစီမံကိန်းအဖြစ် အရှိန်မြှင့်ဆောက်ရွက်ဖို့၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ တာဝန်ရှိဌာနမဟုတ်တဲ့ လွတ်လပ်သော အစိုးရအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး ကန့်ကွက်မှုတွေကို ကိုင်တွယ်ဖို့၊ နိုင်ငံသားပယ်ချခံရသူတို့ရဲ့ အခွင့်အရေးကို ဖော်ထုတ်ရှင်းလင်းပေးဖို့၊ ရဲတပ်ဖွဲ့အားလုံးကို ရဲချုပ်တစ်ဦးတည်းက ကိုင်တွယ်ဖို့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက် ပေါင်းထည့်ဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

အခုလို အမျိုးသားရေးအတွက် ဆန္ဒပြကန့်ကွက်ပွဲတွေ ပြုလုပ်နေတာဟာ ဘယ်ပါတီအဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူးလို့ အမျိုးသားရေးဆောင်းပါးတွေ ရေးသားနေတဲ့ စာရေးဆရာ ကျော်သူငြိမ်းက ဆန္ဒပြပွဲမှာ ဟောပြောခဲ့ပါတယ်။

ဆန္ဒပြပွဲကို နိုင်ငံရေးပါတီအချို့က အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။