သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-23
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ ၁၂ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-09-23
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ နန်စီပွန်ကျောက်စိမ်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောက်စိမ်း ကုန်သည် ၁ဝ ဦးကို ကျောက်မျက်ဥပဒေအရ ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ ခန္တီးမြို့ မြို့မကျောင်းတိုက်မှာ ဒေသခံတွေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုခဲ့ကြပါတယ်။
2017-09-23
မကွေးတိုင်းအတွင်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေ ဟာ ဒေသစီးပွားရေး အတွက် အကျိုးမပြုသလို၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားအဖွဲ့ အစည်းတွေက ပြောပါတယ်။
2017-09-23
ရန်ကုန်တိုင်း အစိုးရအဖွဲ့မှာ အကျင့်ပျက်ခြစားမှု လုံးဝမရှိဘူးလို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောလိုက် ပါတယ်။
2017-09-23
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-09-22
စက်တင်ဘာလ ၂၁ ရက်နေ့ကို ကမ္ဘာ့ငြိမ်း ချမ်းရေးနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ မငြိမ်းချမ်းနိုင်ရှာတဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အထောက် အကူပြုမယ့် ဆောင်ရွက်ချက်နဲ့ သဘောထား တချို့ကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-09-22
ဒီကနေ့မှာတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က အဖြစ်အပျက်တွေကို ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်၊ မခင်ခင်အိနဲ့ မခက်မာတို့က တင်ဆက်ထားပါတယ်။
2017-09-22
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံလိုကြောင်း နိုင်ငံရေးပါတီ ၂၉ ပါတီက စာရေးသားတင်ပြထားပေမယ့် အကြောင်းပြန်ချက် မရသေးကြောင်း သိရပါတယ်။
2017-09-22
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မိချောင်းဈေးရွာမှာရှိတဲ့ ဗလီကြီးခြံဝန်းထဲမှာ ဒီနေ့မနက်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
2017-09-22
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းက ဧက ၉၀၀၀၀၀ နီးပါးရှိတဲ့ တိုးချဲ့နယ်မြေကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် ပါတီလေးခုက ဒီကနေ့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-09-22
အစိုးရရဲ့ လုပ်ငန်းတွေပိုပြီးတွင်ကျယ်စေဖို့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် သတ်မှတ်ချက်ကို ပြောင်းလဲ သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်က ပြောပါတယ်။
2017-09-22
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်း နီကယ်စက်ရုံက စွန့်ပစ်တဲ့ မြေနီတွေကြောင့် ပျက်စီးခဲ့ရတဲ့ မြေယာဧက ၄၅၀ ကျော်အတွက် လျော်ကြေးမပေးသေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက ကျေးရွာ ၄ ခုက တောင်သူ ၁၅၀ လောက်က ဒီကနေ့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-09-22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက လူ ၅၅၀၀ ကျော်ရှိတဲ့ ဒုက္ခသည်စခန်းမှာ စားနပ် ရိက္ခာပြတ်နေပြီး ဒုက္ခသည်တွေအတွက် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ဦးစောထွန်းက ပြောပါတယ်။
2017-09-22
ဖိအားတွေကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းတွေ ယိမ်းယိုင်မသွားဖို့လိုတယ်လို့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က မနေ့က ရခိုင်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။
2017-09-22
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ ကလေးဝမြို့နယ်တွေမှာ မြစ်သာမြစ်ရေ မြင့်တက်တာကြောင့် ကလေးမြို့က ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့လာသူအရေအတွက်ဟာ မနေ့ကအထိ ၁ သောင်းကျော်ရှိနေပြီလို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။