သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-20
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နဲ့ တမူးမြို့နယ်တွေမှာ မြစ်သာမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၂၈၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ထားရပြီး လမ်းတံတားပျက်စီးမှုတွေ ဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။
2017-09-20
ပခုက္ကူမြို့မှာ ၁၉၉၅ ခုနှစ်က စတင်တည်ထောင် ခဲ့တဲ့ စက်မှုဇုန်ဟာ လျှပ်စစ်မီး မှန်မှန်မရသလို၊ လုပ်ငန်းရှင်တချို့ကလည်း မြို့တွင်းကို ပြောင်းရွှေ့ လုပ်ကိုင်နေကြတဲ့အတွက် စက်မှုဇုန်ထဲက လုပ်ငန်း အတော်များများ ရပ်တန့်နေပြီလို့ သိရပါတယ်။
2017-09-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားတဲ့ အခြေပြမိန့်ခွန်းကို ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေမှာ တိုက်ရိုက်ပြသမှုကို ကြည့်ရှုခဲ့သူတွေရဲ့ ပြောစကားတွေကို RFA သတင်းထောက် ကိုထက်အာကာ က တင်ပြပေးမှာပါ။
2017-09-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့ပြောကြားတဲ့ မိန့်ခွန်းထဲကအချက်တွေကို ထောက်ခံကြိုဆိုကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်အရေးက ဒီပြောကြားချက်တစ်ခုထဲနဲ့ ပြေလည်အောင်ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။
2017-09-20
ဒီကနေ့မှာတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က အဖြစ်အပျက်တွေကို ရွှေဝါရောင် တော်လှန်ရေး ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုနေရိန်ကျော်နဲ့ ဒေါ်ခင်ခင်အိ တို့က တင်ဆက်ထားပါတယ်။
2017-09-20
လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်ပေါက်ဈေးထက် ဈေးလျှော့ပြီး အရစ်ကျနဲ့ ကားတွေရောင်းချပေးမယ်ဆိုပြီး တရုတ်နိုင်ငံက ကားကုမ္ပဏီတစ်ခုက လာရောက်ကမ်းလှမ်းထားတာကို လက်မခံဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ငြင်းဆိုထားပါတယ်။
2017-09-20
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ရခိုင်ပြည်နယ်အရေး၊ တပ်မတော်နဲ့ ဆက်ဆံရေးအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
2017-09-20
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ၃ ခုကို တစ်ခုတည်းပေါင်းပြီး လွှတ်တော်သုံးရပ်လုံးအတွက် ဥပဒေတစ်ခုတည်း ပြဌာန်းနိုင်ဖို့ ဥပဒေကြမ်းတစ်ခုကို ရေးဆွဲထားပြီးဖြစ်ပါတယ်။
2017-09-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ တပ်မတော်နဲ့ အရင်ကထက်ပိုပြီး ထိတွေ့ဆက်ဆံမှုရှိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အမြဲကြိုးစားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
2017-09-19
လက်ရှိကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံတဲ့လုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ ငွေကျပ် ၂၀ဘီလီယံကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-09-19
မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ၃ မြို့နယ်က မွတ်ဆလင်ကျေးရွာ ၁၇၆ ရွာမှာ ရွာလုံးကျွတ်ထွက်ပြေးသွားကြသူတွေ ပြန်ဝင်လာမယ်ဆိုရင် သေချာစိစစ်ပြီးမှ အုပ်ချုပ်ရေး ထိန်းချုပ်နိုင်မယ့်နေရာတွေမှာ နေရာချထားဖို့ လွှတ်တော်ကိုတင်ပြသွားမယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့် က ပြောပါတယ်။
2017-09-19
လွှတ်တော်ကိုယ်စားလှယ်တွေကို အရစ်ကျနဲ့ ကားတွေ ရောင်းချပေးမယ်ဆိုပြီး တရုတ်နိုင်ငံက ကားကုမ္ပဏီတစ်ခုက လာရောက်ကမ်းလှမ်းထားတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ငြင်းဆိုထားတယ်လို့ သိရပါတယ်။
2017-09-19
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်ကိုသွားတဲ့ လူဦးရေ ၅၀ စီးနင်းလိုက်ပါလာတဲ့ ကားတစ်စီး ပန်းတောင်းမြို့နယ်အတွင်းမှာ မနေ့ညက ချောက်ထဲထိုးကျခဲ့ရာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
2017-09-19
စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း မောင်တောဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ နယ်မြေရှင်းလင်းရေးတွေ မရှိတော့ပေမယ့် ဘာကြောင့် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို မွတ်စလင်အမြောက်အများ ထွက်ပြေးကြသလဲဆိုတာ ကို အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်က ပြောကြားပါတယ်။
2017-09-19
စက်တင်ဘာလ ၁၈ ရက်နေ့ဟာ မြန်မာနိုင်ငံမှာစစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ ၂၉ နှစ်ပြည့်တဲ့နေ့ဖြစ် ပါတယ်။