တပ်မတော်နဲ့ ပိုမိုထိတွေ့မှု ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2017.09.19
dassk-army-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ တပ်မတော်နဲ့ အရင်ကထက်ပိုပြီး ထိတွေ့ ဆက်ဆံမှုရှိကြောင်းနဲ့  ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အမြဲကြိုးစားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ပြုလုပ်တဲ့ အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက် မှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“တာဝန်မယူခင်ကာလကတော့ ထိတွေ့မှုက မရှိသလောက်ပဲလေ။ တခါတလေမှတွေ့တာ အခုတော့ မှန်မှန်ထိတွေ့မှုရှိပါတယ်။ တချို့ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ကို အမြဲကြိုးစားပါတယ်။”

တဆက်တည်းမှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ တပ်မတော်က သဘောထားတင်းမာတယ်ဆိုတဲ့ အမြင်အပေါ် မေးရာမှာ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးဟာ ငြိမ်းချမ်းရေးကို လက်နက်မကိုင်တဲ့ တပ်ဖွဲ့တွေနဲ့တော့ အမြင်မတူနိုင်ကြောင်းနဲ့ ကွဲလွဲချက်တွေကို ညှိနှိုင်းယူရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေမှာ အလုပ်ကို ကျွမ်းကျင်နိုင်နင်းစွာ တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိသူတွေကို ပြောင်းလဲသင့်ရင် ပြောင်းလဲသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။