သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-10
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ရေးပဋိပက ္ခတွေကို လေ့လာစောင့်ကြည့်သွားဖို့အတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ လားရှိုးမြို့ ကချင်းနှစ်ချင်း ခရစ်ယာန် ကျောင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။
2015-10-10
မန္တလေးမြို့က ရတနာပုံတက္ကသိုလ်ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ်တနှစ်ကနေ တနှစ်နဲ့သုံးလအထိ ကျခံဖို့ အမရပူရ မြို့နယ်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-10-09
NCA အပစ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်မထိုးတဲ့အဖွဲ့တွေကို အရေးမယူ ဘူးလို့ အစိုးရက ပြောပေမယ့် ကချင်နဲ့ ရှမ်း ပြည်နယ်တို့မှာ အခုအခါ ပြင်းပြင်းထန်ထန် ထိုးစစ်တွေ ဆင်နေတာဟာ အပြောတစ်မျိုး အလုပ်တစ်မျိုးလို့ယူဆ စရာ ဖြစ်နေတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ ဒုတိယ-ဥက္ကဌ နိုင်ဟံသာ က ပြောကြားလိုက်ပါတယ်။
2015-10-09
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုမှာ လာမယ့် ၃ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2015-10-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးခြင်းမပြုတာဟာ နောက်ကွယ်က တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်ဖြစ်တယ်လု့ိ မြန်မာငြိမ်း ချမ်းရေးစင်တာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွန်ကြားရေး မှူး ဒေါက်တာမင်းဇော်ဦးရဲ့ပြောဆိုချက်ကို KIO အဖွဲ့က ငြင်း ဆိုလိုက်ပါတယ်။
2015-10-09
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အစပ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ် ပွားခဲ့တာကြောင့် အဲ့ဒီဒေသတွေက မဲရုံတွေလုံခြုံရေးအတွက် တပ်မတော်ရဲ့ အကူအညီယူသွားမယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဒီနေ့ ပြောပါတယ်။
2015-10-09
အောက်တိုဘာ ၁၅ ရက်နေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ရဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ဒီကနေ့ အတည်ပြုပြောဆိုလိုက်ပါတယ်။
2015-10-09
နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ခုနဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်း ဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်း သား ၄ဦးကို အမရပူရမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလအထိ ချမှတ်လိုက်ပါတယ်။
2015-10-09
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ယောက်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်း မှာ ဒီနေ့ မဲဆွယ်စည်းရုံး ဟောပြောကြပါတယ်။
2015-10-09
သာသာရေးနဲ့ လူမျိုးရေး အကြောင်းပြပြီး NLD ပါတီကို မဲမပေးဖို့ မဲဆွယ်စည်းရုံးရေးတချို့ တွေ့နေ ရတာနဲ့ ပတ်သက်လို့ NLD ပါတီဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-10-09
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့်ရွေးကောက်ပွဲမှာ မုဒုံမဲဆန္ဒနယ် အမှတ် (၁) ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2015-10-09
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်သားခေါင်းဆောင်တွေကို ဖိတ်ကြားသွားမှာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
2015-10-09
ရုပ်ရှင်သရုပ်ဆောင် ဗေလုဝဟာ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် တနင်္သာရီတိုင်း မြိတ်မြို့က ကန်ဖျားရပ်ကွက်မှာ ဒီကနေ့ ဟောပြော ပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-10-09
နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုမှာ မကွေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အင်အားပြတွေ့ဆုံပွဲတစ်ခုကို မကွေးမြို့နယ် ကံသာကြီးကျေးရွာက ယာကွင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
2015-10-09
၈၈ မျုးိဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေဟာ ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်ပြီး မဲပေးပုံမဲပေးနည်းတွေကို လက်တွေ့ပြသ ဟောပြောခဲ့ပါတယ်