သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-08
ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ် အတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ပြောပါတယ်။
2025-01-08
မိုးဗြဲ-လွိုင်ကော်လမ်းကို စစ်တပ်က အခုရက်ပိုင်းမှာ အင်အားတစ်ရာကျော် အသုံးပြုပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပါတယ်။
2025-01-08
ဗန်းမော်နဲ့ မံစီမြို့တွေကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ မံစီမြို့က တပ်စခန်းတွေအားလုံးကို ဇန်နဝါရီ ၈ ရက်မနက်မှာ အပြီးထိန်းချုပ်လိုက်ပြီလို့ ကေအိုင်အိုပြောခွင့်ရသူက ပြောပါတယ်။
2025-01-08
အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်ထားတာတွေကို ဖြေလျှော့ပြီး အိန္ဒိယ-မြန်မာနယ်စပ် နှစ်နိုင်ငံ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ကို ပြန်ခွင့်ပြုပေးဖို့ အိန္ဒိယအစိုးရကို ZORO အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2025-01-08
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ပုဂံဒေသမှာ ဘုရားအဆူပေါင်း လေးရာလောက် စီးပွားရေးလုပ်ငန်းတွေ၊ ဌာနဆိုင်ရာတွေရဲ့ မြေဧရိယာ ထဲရောက်နေပါတယ်။
2025-01-07
၂၀၂၅ ခုနှစ်မှာ NUG အနေနဲ့ ပြုပြင်ပြောင်းရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်နေကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2025-01-07
၂၀၂၅ ခုနှစ်ဟာ အညာဒေသမှာ စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
2025-01-07
ပုလောမြို့ပေါ်က စရဖရုံးကို အငိုက်ဝင်ရောက်စီးနင်းခဲ့တာလို့ PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2025-01-07
၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပြည်သူတွေကို ကျပ်ငွေ ရှစ်ဘီလီယံနီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ NUG ထုတ်ပြန်ခဲ့ပါတယ်။
2025-01-07
ထီးလင်းမြို့နယ်ဟာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မတူပီ၊ မင်းတပ်မြို့နယ်တို့နဲ့ ထိစပ်နေသလို ဒီမြို့နယ်ပတ်လည်က ဂန့်ဂေါ၊ ဆောနဲ့ ပေါက်မြို့နယ်တွေဟာလည်း တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
2025-01-07
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးနဲ့ ဇနီးဖြစ်သူ အပါအဝင် စစ်ကောင်စီ တပ်သားတချို့ကို ရန်ကုန်-မန္တလေး အမြန်လမ်းကနေ ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Aung San’s Land Natmauk အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
2025-01-07
မြဝတီမြို့နယ်အတွင်းက အမှတ် (၅) ရပ်ကွက်အုပ်စု ရေပူရွာမှာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-01-07
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၁၄၂ ဦး သေဆုံးတယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့နဲ့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2025-01-07
လျှပ်စစ်ဓာတ်အားကို အချိုးကျခွဲဝေပေးရာမှာ စစ်ခေါင်းဆောင်ရှိတဲ့ နေပြည်တော်မှာ လျှပ်စစ်မီး နှစ်ဆကျော် ပိုပေးထားတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2025-01-07
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။