သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယအကြိမ် ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာဖိအားတွေ လျော့စေဖို့ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
2021-01-14
ယနေ့နိုင်ငံရေး အစီအစဉ်မှာ “အစိုးရသက်တမ်း ၅ နှစ်အပေါ် သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းလိုက်ခွဲပြီး တင်ဆက်ပေးနေပါတယ်။
2021-01-14
ဧရာဝတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေအနီး ပင်လယ်ပြင်မှာ ဖမ်းမိထားတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင် ခုနစ်ဦးကို မူလနေထိုင်ရာ စစ်တွေမြို့ကို တိုင်းဒေသကြီးအစိုးရက ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
2021-01-14
ဒီတစ်ပတ်မှာတော့ မလေးရှားနိုင်ငံ၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2021-01-14
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုတွေဆိုပြီး တပ်မတော်က မဲစာရင်း စိစစ်ထုတ်ပြန်နေတာကို မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နဲ့ မိတ္ထီလာမြို့တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ အပါအဝင် တပ်မတော်ထောက်ခံသူတွေက ဒီနေ့ ထောက်ခံဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
2021-01-13
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အထက်မြန်မာပြည် သံဃာတော်တွေ ဦးဆောင်ပြီး ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအတွက် အလှူငွေကောက်ခံတဲ့ လှုပ်ရှားမှုကို မနေ့က စတင်ခဲ့ရာမှာ အနယ်နယ် အရပ်ရပ်က သံဃာတွေ ပြည်သူတွေက တယ်လီဖုန်း ငွေလွှဲစနစ်နဲ့ အလှူငွေအများအပြား ပေးပို့နေကြတယ်လို့ သိရပါတယ်။
2021-01-13
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က လောင်းကစားရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၇၀ ကျော် ထိုင်းနိုင်ငံကို ပြန်လာတဲ့အခါ အဲဒီထဲက ၅၀ ကျော်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ မဲဆောက်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။
2021-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ ခေါင်းဆောင်တွေ ဒီကနေ့ညနေပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာရှိတဲ့ NLD ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။
2021-01-13
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအနီးက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းမှာ စိုက်ပျိုးရေးလုပ်ဖို့ ဒေသခံတွေ လျှောက်ထားပေမယ့် လုပ်ပိုင်ခွင့်မပေးဘဲ အာဏာရပါတီနဲ့ နီးစပ်တဲ့ မန္တလေးမြို့က လုပ်ငန်းရှင်တွေကို မြေနေရာ ချထားပေးခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုနေပါတယ်။
2021-01-13
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးခွန်းတွေ မေးမြန်းတာ၊ ထောက်ပြပြောဆိုတာတွေရှိပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးရမယ့် အနေအထားတွေကြုံတွေ့ရနိုင်လို့ ဒုတိယအကြိမ် လွှတ်တော် နောက်ဆုံးအစည်းအဝေးကို အာဏာရပါတီ NLD ဘက်က ခေါ်ယူလို့တဲ့ ဆန္ဒမရှိတာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
2021-01-13
လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တပ်မတော်က တောင်းဆိုထားတာကို ငြင်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာလို့ တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။
2021-01-13
ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်တိုင်းရင်သားတွေအတွက် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေမယ့် KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်တာကြောင့် ဒီနှစ်ပတ်အတွင်း ကရင်တိုင်းရင်းသား ၄ ထောင်ကျော် ဒီလဆန်းကစပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2021-01-13
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်နေတာ နှစ်လကျော်နေပြီဖြစ်ပေမယ့် တပ်မတော်က ပိတ်ထားတဲ့ ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကားလမ်းကို အသုံးပြုခွင့် မပေးသေးတာကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်အခဲကြုံနေပါတယ်။
2021-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တအာင်း (ပလောင်) အမျိုးသားပါတီတို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၄ နာရီခွဲမှာ တောင်ကြီးမြို့က NLD ရုံးမှာ တွေ့ဆုံပြီး အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေး ဆွေးနွေးမယ်လို့ တအာင်း(ပလောင်) အမျိုးသားပါတီ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က RFA ကို ပြောပါတယ်။
2021-01-13
၂၀၃၀ ပြည့်နှစ်မှာ ကရင်ပြည်နယ်ကို ဘယ်အနေအထားမျိုး၊ ဘယ်အဆင့်အတန်း မျိုးနဲ့ မြင်ချင်လဲ ဆိုတဲ့ မေးခွန်းကို လက်ရှိ ပြည်နယ်တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ စိတ်ပိုင်းဖြတ်ချက် တွေက အဖြေပေးသွားမှာပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။