သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-10
ရန်ကုန်အခြေစိုက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့က သူတို့အဖွဲ့ ဥက္ကဋ္ဌ နော်အုန်းလှ နိုင်ငံတကာဆု ရရှိတယ်လို့ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-12-09
အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆွေးနွေးပွဲတွေ မကြာခင်စတင်နိုင်ဖွယ် ရှိတယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်နေသူတွေက ပြောပါတယ်။ AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့နဲ့ တွေ့ဆုံဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးလည်း မကြာခင်က ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2020-12-09
လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ပျက်နဲ့ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ တရားစီရင်ရေးမဏ္ဏိုင် အားနည်းချက်တွေနဲ့ ကလေးသူငယ်တွေ အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။
2020-12-09
ထိုင်း- မြန်မာနယ်စပ်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေတက်တဲ့ စာသင်ကျောင်းတွေ ကပ်ဘေးကြောင့် ဖွင့်ခွင့်မရသေးဘဲ Home-Based Learning လို့ ခေါ်တဲ့ နေအိမ်တွေကနေပဲ သင်ယူရတဲ့စနစ် ကျင့်သုံးနေပါတယ်။
2020-12-09
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားကျဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မဟာမိတ်နှစ်ဖွဲ့ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
2020-12-09
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦးကို လွန်ခဲ့တဲ့ ကိုးလလောက်ကတည်းက တပ်မတော်က ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက မနေ့က ကျောက်တော်မြို့မ ရဲစခန်းမှာ ဒုတိယအကြိမ် သွားရောက်တိုင်ကြားခဲ့ ကြပေမယ့် အမှုဖွင့်ဖို့ ငြင်းဆိုခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2020-12-09
ကိုလိုနီခေတ် ပညာရေးစနစ်ကို စတင်တွန်းလှန်ခဲ့တဲ့ ပထမ ကျောင်းသားသပိတ်တိုက်ပွဲ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အမီ တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာမှာ ကမ္ဗည်းကျောက်တိုင် စိုက်ထူဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ပေမယ့် အစီအစဉ် မဖြစ်မြောက်ခဲ့ပါဘူး။
2020-12-09
အနိုင်ရကိုယ်စားလှယ်တွေပါဝင်မယ့် လွှတ်တော်သစ် ခေါ်ယူဖို့ တရားဝင် ကြေညာထားပြီးဖြစ်ပေမယ့် လက်ရှိလွှတ်တော်ကို နောက်ဆုံးအကြိမ် ခေါ်ယူပိတ်သိမ်းတာ မလုပ်ဘူးဆိုရင် လက်ရှိလွှတ်တော်ဟာ အဓိပ္ပာယ်မဲ့သလို ဖြစ်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ချို့က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
2020-12-09
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ကာလမှာ သွားလာရေး၊ အလုပ်အကိုင်ခက်ခဲနေလို့ စားဝတ်နေရေး မပြေလည်တာကြောင့် အကူအညီပေးကြဖို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြိုနယ်၊ ၁၁၈ လမ်းနဲ့ ၄၅ လမ်းထောင့်က ကျုးကျော် နေထိုင်တဲ့သူတွေဟာ သူတို့ရဲ့နေအိမ်ရှေ့မှာ စာရေးသား အလှူခံတာတွေ လုပ်လာကြပါတယ်။
2020-12-09
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြသူ အများစု စားနပ်ရိက္ခာပြတ်နေပြီး ဆန်ပြုတ်သောက်နေကြရတာ နှစ်လနီးပါး ရှိနေပြီလို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။
2020-12-09
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးရိုက်နှက်၊ ငွေတောင်းခံနေတာနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးနဲ့ တရားမျှတမှု စွမ်းဆောင်ရှင်များအဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ထံ ဒီနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ စာပေးပို့ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။
2020-12-08
မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဟာ ကပ်ရောဂါကြောင့် ဒီနှစ်ကုန်မှာ ၈ဝ ရာခိုင်နှုန်းအထိ ထိခိုက်နိုင်တယ်လို့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ကပ်ရောဂါထိန်းချုပ်ဖို့ ပြည်တွင်း-ပြည်ပ ခရီးသွားလာမှုတွေ ကန့်သတ်ထားရတာကြောင့် သိသိသာသာ အထိနာနေတဲ့ ခရီးသွားလုပ်ငန်း ပြန်နာလန်ထူဖို့အတွက် မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ အခုကတည်းက ပြင်ဆင်နေကြပါပြီ။
2020-12-08
ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်သူ လူနာတဦးကို ICU ခန်းမှာ အသက်ကယ်ဖို့အတွက် ကျပ်ငွေ သိန်းရာနဲ့ချီ ကုန်ကျနေသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အထူးပင်ပန်းနေကြပြီလို့ ဆရာဝန်ကြီးတဦးက ပြောပါတယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာမှုနည်းပါးရင် ကူးစက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။
2020-12-08
ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-12-08
ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်ရဲ့တောင်းဆိုချက်ဟာ ဥပဒေနဲ့မညီတဲ့အတွက်၊ ခွင့်ပြုမပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြီး ငြင်းပယ်လိုက်ပါတယ်။