သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-19
ရခိုင်ပြည်နယ်အတွင်းမှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာဋ္ဌာနေ ကိုယ်စားလှယ်တွေဟာ စစ်တွေမြို့ ရပ်မိရပ်ဖတွေနဲ့ စစ်တွေဟိုတယ်မှာ မနေ့ကညပိုင်းက သီးခြားစီတွေ့ဆုံ ခဲ့ကြပါတယ်။
2014-03-19
သမ္မတဦးသိန်းစိန်က လွှတ်တော် ကိုပေးပို့ထားတဲ့ လျှပ်စစ် မီတာခတွေ တိုးမြင့်ကောက်ခံရေး ဥပဒေကြမ်းကို ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပါတယ်။
2014-03-19
လာမယ့်မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ ကျင်းပမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ နှစ်ပတ်လည်ညီလာခံကနေ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်၊ မပြိုင် ဆုံးဖြတ်မယ်လို့ SNLD ပါတီက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-03-19
မြန်မာ့အလင်း၊ ကြေးမုံစတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နေ့စဉ်ထုတ် အစိုးရသတင်းစာတွေကနေ ဒီနှစ်အတွင်း အသားတင် အမြတ်ငွေ ကျပ်သန်းပေါင်း ၅ ထောင်ကျော် ရရှိခဲ့တယ် လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ဒီကနေ့ ပြောပါတယ်။
2014-03-19
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာ တဲ့ ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၂၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။
2014-03-19
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ပညာရေးနဲ့ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီနိုင်ဖို့အတွက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်ကို "မေတ္တာအိုးဝေ" ဖောင်ဒေးရှင်းတည်ထောင်ဖို့ အလှူငွေ ကျပ်သိန်း ၂၅ဝ ပေးအပ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-03-19
အာဆီယံဒေသတွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို ဖော်ထုတ်တင်ပြနိုင်ဖို့အတွက် ၂၀၁၄ ခုနှစ် အာဆီယံလူငယ်ဖိုရမ် ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ အာဆီယံ လူငယ်ဖိုရမ်အစီအစဉ် ရေးဆွဲရေးအဖွဲ့ဝင် မဖွေးယုမွန်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-03-19
သတင်းမီဒီယာ ဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ၂ ရပ်ကို သမ္မတဦးသိန်းစိန်က မတ်လ ၁၉ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က မတ်လ ၁၄ ရက်နေ့မှာပြဌာန်းခဲ့တာပါ။
2014-03-19
မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်း သစ်တွေ အများအပြား ရှိနေကြောင်း စင်္ကာပူနိုင်ငံကိုရောက် ရှိနေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
2014-03-18
ကချင်လူမျိုး သောင်းနဲ့ချီတက်ရောက် မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မ သဘင်မှာ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူသွားမှာဖြစ်တယ်လို့ ဓမ္မသဘင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ က ဒီကနေ့ ပြောလိုက်ပါတယ်။
2014-03-18
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက် ယူမယ့်အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း က မွတ်စလင်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ ကဖြစ်စေ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကဖြစ်စေ ရိုဟင်ဂျာအမည်ကို ထည့်သွင်းရေးသားခွင့်မပြုကြောင်း ရခိုင်တိုင်းရင်းသားတွေက ဗဟိုသန်းခေါင်စာရင်းကော် မရှင်ကို ဒီကနေ့ စာရေးသားတောင်းဆို လိုက်ပါတယ်။
2014-03-18
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာအနီး မေခမြစ်ထဲမှာ တရားမဝင်လာရောက် ရွှေတူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၄၁ ဦးကို ဒီလဆန်းပိုင်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဋ္ဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-03-18
အစိုးရဝန်ကြီးဌာန အကြီးအကဲတွေအနေနဲ့ လက်ဆောင်ပစ္စည်းတွေ လက်ခံရယူရာမှာ ကျပ်ငွေသုံးသိန်းထက် ကျော်လွန်လက်ခံရင် လာဘ်ပေးလာဘ်ယူအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ညွှန်ကြားချက်ပေးပို့ထားတယ်လို့ သိရပါတယ်။
2014-03-18
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက မေတ္တာအိုးဝေဖောင်ဒေးရှင်း တည်ထောင်ဖို့ မတည်ငွေ သိန်း ၂၅၀ ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ကို ဒီနေ့ပေးအပ်လိုက်ပါတယ်။
2014-03-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေ၊ တနင်္ဂနွေဖြစ်တဲ့ မတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။