သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-14
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။
2020-09-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက် စံချိန်တင် မြင့်တက်လာချိန်မှာ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြပါတယ်။
2020-09-14
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ လူနာစုစုပေါင်း (၃၁၉၅)ရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူစုစုပေါင်း (၃၂) ယောက်ရှိပါပြီ။
2020-09-14
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပြန့်ပွားနှုန်းတွေ တစ်နေ့ထက်တစ်နေ့ဆိုးလာတာကြောင့် မန္တလေးနဲ့ စစ်ကိုင်းတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာတွေကို ခဏရပ်ဆိုင်းသွားကြမယ်လို့ သိရပါတယ်။
2020-09-14
ရခိုင်ပြည်နယ်မှာ ကလေးသူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဟာ တနေ့တခြားပိုများလာနေပြီး ကလေးသူငယ်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာဖြစ်လာနေတယ်လို့ ကုလသမဂ္ဂအပါအဝင် ဒေသခံတွေကပါ ထုတ်ဖော်ပြောဆိုလာကြပါတယ်။
2020-09-14
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် ဟာ သူရွေးကောက်ပွဲဝင်မယ့် ပလက်ဝမြို့နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း စက်တင်ဘာ ၉ ရက်နေ့က သူစီးလာတဲ့စက်လှေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
2020-09-14
ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၅ဝ ကျော်ပဲ ကျန်တော့တဲ့အချိန်မှာ ကန့်သတ် ချက်တွေ များလာတဲ့ ကပ်ဘေးကာလအတွင်း မဲဆွယ်စည်းရုံးဖို့ အခက်ကြုံနေရ တာတွေကြောင့် ရွေးကောက်ပွဲကို ယာယီရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီတချို့က လိုလားနေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဆင်ပြေပြေ မဲပေးနိုင်ဖို့ နိုင်ငံတကာမှာ ကပ်ဘေးကာလ အတွင်းမှာပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို လေ့လာပြီး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
2020-09-14
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ ကိုယ်ရေး အရာရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိထားပြီး ဒုဝန်ကြီးကို ဟိုတယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အတည်ပြု ပြောဆိုပါတယ်။
2020-09-14
စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားသုံးဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် ရှေ့နေအဖွဲ့ လေးခုက ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး စက်တင်ဘာ ၁၃ ရက် မနေ့ကကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2020-09-14
ရှမ်းပြည်နယ် လားရှိုးမြို့နယ် ပန်သပြေကျေးရွာအုပ်စု ဖာလိုင်ရွာအနီးမှာ ရွာသားနှစ်ဦးကို တပ်မတော်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရွာအုပ်ချုပ်ရေးတာဝန် ရှိသူက ပြောဆိုပေမယ့် တပ်မတော်ကတော့ သူတို့နှစ်ဦးဟာ လက်နက်ကိုင်အဖွဲ့ဝင် ဖြစ်လို့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
2020-09-13
ရှမ်းပြည်နယ် မူဆယ်ခရိုင်မှာ စက်တင်ဘာ ၁၁ ရက်နေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်လို့ ဒေသခံတချို့ ထွက်ပြေးနေရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2020-09-13
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတချို့မှာ အင်တာနက် မြန်နှုန်းချထားတာကို အမြန်ဆုံး ပြန်လည်တိုးမြှင့်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတချို့ကို အမှတ် (၆) နယ်မြေရဲစခန်းက ဒီနေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2020-09-12
ရခိုင်ကျောင်းသားတွေ၊ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က လှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်နှစ်ယောက်ကို ရဲအရာရှိတွေနဲ့ အရပ်ဝတ်တချို့က ဝရမ်းမပါဘဲ ဖမ်းပြီးမှ ပြန်လွှတ်လိုက်ပါတယ်။ သူတို့ကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်မယ်လို့လည်း သိရပါတယ်။
2020-09-12
ရန်ကုန်တိုင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်တက်နေလို့ အစိုးရက အပြင်မထွက်ဘဲ နေအိမ်မှာ နေကြဖို့ (Stay at Home) အစီအစဉ်မှာအကျုံးဝင်တဲ့ မြို့နယ်တွေက လမ်းတွေမှာ အကာအရံတွေနဲ့ အခိုင်အမာပိတ်ဆို့ထားတာ ကြောင့် သွားလာရေးအခက်ကြုံနေကြသလို အတော်များများကလည်း ဝေဖန်နေကြပါတယ်။
2020-09-12
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (RFA Talk) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။