သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-25
နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်တဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းပုံစံအတိုင်း အခမဲ့ ကုသပေးမဲ့ ဆေးခန်းခွဲကို ပြည်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-04-25
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း မကြာခင် စစ်သင်တန်းတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် သင်တန်းပြီးတာနဲ့ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေကြတဲ့ ချင်းလူငယ် အများအပြား အနီးဆုံး အိန္ဒိယ နယ်စပ်ကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
2011-04-25
အစိုးရသစ်အနေနဲ့ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ဖို့အတွက် တိုက်တွန်းထားတဲ့စာကို NLD ပါတီက ဧပြီ ၂၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2011-04-25
မြန်မာအစိုးရသစ်အနေနဲ့ တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်ဖို့ သမတ ဦးသိန်းစိန်ထံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီလဆန်းပိုင်းက စာရေးသား တိုက်တွန်းခဲ့ပါတယ်။ အဲဒီ စာနဲ့ ပတ်သက်လို့ အသေးစိတ်ကို အန်အယ်လ်ဒီက ဧပြီ ၂၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်မယ်လို့ သိရပါတယ်။
2011-04-25
သမတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို လျစ်လျူပြုထားဆဲ ဖြစ်ပါတယ်။
2011-04-24
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တည်ထောင်ထားတဲ့ ပါရမီ မော်တော် ယာဉ်လိုင်းက ကားတချို့ဟာ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ မောင်းနှင် တာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေတယ် လို့ စုံစမ်း သိရှိရပါတယ်။
2011-04-24
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲ မြို့သစ်မှာ ဇေကမ္ဘာကုမ္ပဏီက မတန်တဆ ဈေးနှိမ်ပြီး မြေသိမ်းခံခဲ့ရ တဲ့ လယ်သမားတွေရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးပြီးသွား ပေမယ့် ခုချိန်ထိ ဘာ အကြောင်းပြန်ကြားချက်မှ မသိရသေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။
2011-04-24
မြန်မာအစိုးရဟာ တိုင်းရင်းသားတွေ နေထိုင်တဲ့ နယ်စပ်ဒေသတွေမှာ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထူး စီးပွားရေးဇုံတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။ အသစ် ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးအဖွဲ့က နယ်စပ်ဒေသ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး နယ်စပ်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
2011-04-24
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင် ကြတဲ့ အလုပ်သမားတွေ နိုင်ငံရပ်ခြားမှာ ပွဲစားတွေရဲ့ လှည့်ဖျား ခံရတာတွေ၊ နိုင်ငံခြားသား အလုပ်ရှင်တွေ ရဲ့ အနိုင်ကျင့် ခံရတာတွေ၊ ဒုက္ခရောက်ကြရတာတွေ ကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-04-23
မြန်မာနိုင်ငံ မီးရထားဝန်ကြီးဌာန က မကွေးတိုင်း ဒေသကြီးအတွင်း၊ မကွေး- နတ်မောက်- ပျော်ဘွယ် ရထားလမ်းသစ် ဖောက်လုပ်ရာမှာ ရထားလမ်း မြေသားတာဘောင်ရဲ့ ပိတ်ဆို့မှုကြောင့် နတ်မောက် မြို့နယ်အတွင်း လယ်ယာမြေတချို့ ရေဘေးအန္တရာယ် ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
2011-04-23
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-04-23
အမေရိကန်နိုင်ငံမှာ မြန်မာတွေ အနေများတဲ့ ဖို့ဝိန်းမြို့မှာ အမေရိကန် အရာရှိတွေက ဗမာစာ ဗမာစကားကို စိတ်ဝင်တစား သင်ယူနေကြပါတယ်။
2011-04-23
လာမယ့် စာသင်နှစ်မှာ မြန်မာအစိုးရက ပုဂ္ဂလိက ပညာသင်ကျောင်းတွေကို တရားဝင် ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ သိရပါတယ်။
2011-04-23
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ လက်မှတ်ထိုး မေတ္တာရပ်ခံစာ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားကို သမ္မတသစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
2011-04-23
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်က ကြွေထည်ပစ္စည်း ထုတ်လုပ်တဲ့ INNO CERAMITEC စက်ရုံက မြန်မာ အလုပ်သမားတွေဟာ မတရား ခိုင်းစေခံရမှု၊ အလုပ်သမား အခွင့်အရေး ဆုံးရံှုးမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။