ဥပဒေစိုးမိုးရေး အလေးထားဖို့ သမတ ဦးသိန်းစိန်ကို အန်အယ်ဒီ တိုက်တွန်း
2011.04.25

“ေဩာ် သဘောထားကတော့ အခုတက်လာတဲ့ နိုင်ငံတော် သမတကြီးက မိန့်ခွန်းချွေတယ်ပေါ့ဗျာ။ အဲဒီ မိန့်ခွန်း ချွေတဲ့ထဲမှာတော့ကာ အထူးသဖြင့်ကတော့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး၊ လောကပါလတရား၊ တရားမျှတမှု ထူထောင်ရေး စသည်ဖြင့်ပေါ့ဗျာ၊ မိန့်ခွန်းတွေ ချွေတဲ့ဟာတွေကတော့ ဒါဟာ အင်မတန်မှပဲ မျှော်မှန်းစရာပေါ့။ အားတက်စရာ သဘောမျိုး၊ တရားမျှတမှု ရှိဖို့ ဟာမျိုးအတွက် ဖြစ်မယ်ဆိုတာမျိုးတော့ ပြောတာဆိုတာတွေတော့ ရှိပြီ။ သို့သော် အဲဒါနဲ့ ပတ်သက်လို့ကတော့ ဆက်ပြီးတော့ တရားမျှတရေး ရဖို့အတွက် လုပ်ပြဖို့တော့ လိုပါတယ်။”
“သို့သော်လည်း အခုနေ အနေအထားမှာကတော့ဖြင့်ရင် ကြည့်ရသလောကတော့ အဲဒီ ပြောထားတဲ့ ဟာတွေနဲ့ ပတ်သက်လို့ လုပ်တာ ပြုတာလေးတွေကတော့ မြင်ရပြုရတဲ့ အပေါ်မှာတော့ အားနည်းပါသေးတယ်။ အဲဒါကိုတော့ ရှေ့ဆက်ပြီးတော့ တရားမျှတဖို့ အရာရာပေါ့ ပြောဆိုထားတဲ့ မိန့်ခွန်းနဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့ဟာကို မျှော်လင့်ပါတယ်ဆိုတဲ့ သဘောပါပဲဗျ။”
အန်အယ်လ်ဒီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး လက်မှတ်ရေးထိုးထားတဲ့ အဲဒီ သမတထံ ပေးစာကို အခုလ ၇ ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ သမတ ဦးသိန်းစိန်ထံ ပေးပို့လိုက်တာ ဖြစ်ကြောင်း၊ ဒီစာနဲ့ ပတ်သက်လို့ လောလောဆယ်အထိ အစိုးရသစ်ဖက်က တုံ့ပြန်မှု မရရှိသေးကြောင်း သိရပါတယ်။