သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-30
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကိုင်းကြီးဒုက္ခသည်စခန်းကို လေပြင်းတိုက်ခတ်လို့ အဆောင်တွေ ပျက်စီးကုန်ပြီး စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေ့နေရပါတယ်။
2020-05-29
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကမ္ဘာ့တဝန်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလ အတွင်း တိုက်ပွဲတွေရပ်ဆိုင်းထားကြဖို့ တိုက်တွန်းထားပေမယ့် မြန်မာပြည်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆက်လက်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သဘောထားတချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2020-05-29
မကြာခင်မှာ ကျောင်းတက်ရမယ့်ကာလကို ရောက်တော့မှာ ဖြစ်တာကြောင့် ကလေးအများအပြား အပြင် ထွက်ကြရတော့မှာပါ။ အခုဆိုရင် ဈေးကွက်ထဲမှာ လူကြီးသုံးနှာခေါင်းစည်းတွေပဲ ဝယ်လို့ရနေပြီး ကလေးသုံး နှာခေါင်းစည်းတွေကတော့ ဝယ်ဖို့ခက်နေပါတယ်။
2020-05-29
ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် ရန်ကုန်မှာ ရရာအလုပ် လုပ်ကိုင်ဖို့ တိမ်းရှောင်လာကြတဲ့ ချင်းတိုင်းရင်းသား တွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အလုပ်တွေ ရပ်နားထားတဲ့ကာလမို့ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။
2020-05-29
ကချင်ပြည်နယ်မြောက်ပိုင်း ချီဖွေဒေသမှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေ ညစ်ညမ်းလာတာနဲ့ အမျှ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လူမှုဘဝရပ်တည်ရေးကိုပါ ထိခိုက်လာနေပါတယ်။
2020-05-29
ကွမ်းစားရင် ကင်ဆာရောဂါ ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေး အဖွဲ့အစည်းတွေက ကွမ်းပပျောက်ရေး ဆောင်ရွက်နေပေမယ့် ကွမ်းစားတဲ့ဓလေ့ အစဉ်အလာကြီးတဲ့ မြန်မာနိုင်ငံမှာတော့ ဒီဓလေ့ကို ဖျောက်ဖို့ မလွယ်ကူသေးပါဘူး။
2020-05-29
နယ်စပ်ဒေသနဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
2020-05-29
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝ နဲ့ ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှုမရှိဘဲ လူစုလူဝေးနဲ့ နေထိုင်နေရပါတယ်။
2020-05-29
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ နမ့်ကွတ်ရွာအနီးမှာ တပ်မတော်နဲ့ TNLA တို့ ဒီမနက်က တိုက်ပွဲဖြစ်လို့ ပြည်ထောင်စုလမ်းမကြီးမှာ ခရီးသွားကားတွေ ယာယီ ပိတ်မိခဲ့ပါတယ်။
2020-05-29
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သဇင်မြိုင် နယ်ခြားစောင့်ရဲစခန်းကို အေအေအဖွဲ့က ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေး တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
2020-05-29
စာသင်ကျောင်းတချို့မှာ ခိုလှုံနေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ဇွန်လ ၁၅ ရက်မတိုင်ခင် ကျောင်းတွေကနေ ဖယ်ပေးရမှာဖြစ်လို့ နေစရာအခက်အခဲ ရှိနေပါတယ်။ ပြည်နယ် အစိုးရကတော့ ဆောင်ရွက်ပေးလိုပေမယ့် အစိုးရကူညီမယ့် အစီအစဉ်အတိုင်း ဒုက္ခသည်တွေ လိုက်နာ ဖို့လိုတယ်လို့ ပြောပါတယ်။
2020-05-28
ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် ဂမ်ဘီယာနိုင်ငံက တရားစွဲတာခံနေရတဲ့ မြန်မာအစိုးရက နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို ဒီရက်ပိုင်းတင်ပြခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရှိရတဲ့ အချက်အလက်တချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2020-05-28
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ကပ်ရောဂါကာလမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်က ပျက်ကွက်နေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ အရပ်ဘက်အဖွဲ့ ၂၂ ဖွဲ့ က ဝေဖန်ထောက်ပြလိုက်ပါတယ်။
2020-05-28
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-05-28
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ကို ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပေါ် အမြင်သဘောထားနဲ့ တခြားအရေးကြီးတဲ့ လွှတ်တော်ရေးရာကိစ္စတွေအကြောင်း၊ RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။