သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-24
ဒီအစီအမံတွေထဲမှာ တောင်သူတွေအတွက် ထိရောက်မှု၊ ကပ်ဘေးကာလနဲ့ အနာဂတ် စိုက်ပျိုးရေးကဏ္ဍ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကိုလေးမောင်၊ စီးပွားရေး လေ့လာသုံးသပ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) တို့ကို ဆက်သွယ် မေးမြန်းထားပါတယ်။
2020-05-24
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တိုးလာတယ်လို့ မေလ ၂၃ ရက် စနေနေ့မနက်၇နာရီက ကျန်မာရေးနဲ့အားကစား ဝန်ကြီးဌာနကသတင်း ထုတ်ပြန်ထားတာကြောင့် စုစုပေါင်း ၂၀၁ ဦးဖြစ်သွားပါပြီး။ ဝန်ကြီးဌာနရဲ့ စနေနေ့ ည၈နာရီအချိန် ထုတ်ပြန်ချက်မှာတော့ စမ်းသပ်နမူနာ ၃၁၃ ခုကို ထပ်မံစစ်ဆေးခဲ့ပေမဲ့ ပိုးတွေ့လူနာမတွေ့ရဘူးလို့ဆိုပါတယ်။
2020-05-23
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အက်ဆစ်နဲ့ အပက်ခံရတဲ့အမှုတွေကို မကြာသေးခင် နှစ်တွေအတွင်းမှာ သိသိသာသာ တွေ့လာရပါတယ်။ ဒီလိုဖြစ်ရပ်တွေကနေ နောင်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ဘယ်လို ကာကွယ်နိုင်ပါမလဲ။
2020-05-23
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အကြောင်းပြုပြီး ဆက်ဆံရေးကောင်းမွန်နေတာ တွေ့လာရပါတယ်။
2020-05-23
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူ တစ်လနီးပါးအတွင်း တစ်သောင်း ခုနစ်ထောင်လောက်ရှိခဲ့ပါတယ်။ အဲဒီအလုပ်သမားတွေ ဝမ်းရေးကြောင့် တရုတ်မှာ အလုပ်ပြန်သွားလုပ်ခွင့်ရဖို့ တောင်းဆိုတာတွေရှိလာပါတယ်။
2020-05-23
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေးပညာရှင်အဖွဲ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနိုင်တဲ့စက်တစ်လုံး မန္တလေးတိုင်း အစိုးရအဖွဲ့ကို တရုတ်နိုင်ငံက ဒီနေ့ လှူဒါန်းလိုက်ပါတယ်။
2020-05-22
ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကို စစ်ရေယာဉ်ပေါ်မှာ မြန်မာတပ်မတော်သားတွေက ရိုက်နှက်ညှဥ်းပန်းခဲ့မှုအပေါ် တိတိကျကျ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
2020-05-22
ကရင်ပြည်နယ် ဘားအံမြို့ ဖားစည်သံသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်(ခ) ဦးဇော်ရဲထက်ကို ဘားအံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ မေလ ၂၀ ရက်နေ့က ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။
2020-05-22
လူဦးရေ သန်းနဲ့ချီရှိတဲ့ ရန်ကုန်မှာ ကပ်ဘေးကာလ ဆိုင်မှာထိုင်စားဖို့ မဖြစ်နိုင်ဘဲ အိမ်မှာပဲ နေကြရတဲ့ အခြေအနေကြောင့် ပစ္စည်းသယ်ယူပို့ဆောင်ပေးရတဲ့ စက်ဘီးသမားတွေကို လမ်းပေါ်မှာ အများအပြား တွေ့လာရပါတယ်
2020-05-22
မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားနည်းနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ပြစ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား သုံးဦးကို သေဒဏ်ပေးလိုက်တဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။
2020-05-22
အေအေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး တပ်မတော်စစ်ရေယာဉ်ပေါ်မှာ ရိုက်နှက်စစ်ဆေးခံရတဲ့ ရခိုင်ပြည်နယ် က အရပ်သား ငါးဦးရဲ့ ကိစ္စကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ အမြန်ဆုံး စုံစမ်း စစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-05-22
ကပ်ဘေးအန္တရာယ်ကြောင့် ပိတ်ထားရတဲ့ စားသောက်ဆိုင်တွေပြန်ဖွင့်နိုင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေ စီစဉ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။
2020-05-22
တိုင်းရင်းသားတွေတောင်းဆိုကြတဲ့ ဗဟိုချုပ်ကိုင်မှု လျော့ကျစေရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် ပြည်နယ်အဆင့်အပြင် ပြည်ထောင်စု အဆင့်လွှတ်တော်တွေမှာပါ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အများစု ပါဝင်နိုင်ဖို့ လိုအပ်နေပါတယ်။
2020-05-21
မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတချို့ဟာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့ မရအောင် အကာအကွယ်ပေးထားတဲ့အတွက် ပြင်ဆင်ပြောင်းလဲဖို့လိုတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီက အွန်လိုင်းက ကျင်းပတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောလိုက်ပါတယ်။
2020-05-21
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေဟာ ပြည်ပကနေ ဒီရက်ပိုင်းအတွင်း ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ပြည်ပက ပြန်လာသူ အားလုံးကို အသွားအလာစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။