သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-17
၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လယ်ယာမြေ သိမ်းဆည်းမှု လေ့လာတွေ့ရှိချက်တွေကို သင်္ကန်းကျွန်းမြို့နယ်က ရုံးခန်းမှာ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
2015-07-17
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-17
ချင်းတိုင်းရင်းသားပါတီ ၁၂ ပါတီက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးတို့က မဲဆန္ဒနယ် ၄၂ ခုမှာ ညှိနှိုင်းပြီး ယှဉ်ပြိုင် မှာဖြစ်ကြောင်း ပါတီခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။
2015-07-17
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒ နယ်မြေ ၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတချို့ကို ဒီနေ့ အတည်ပြုခဲ့ပါတယ်။
2015-07-17
နေပြည်တော်ကောင်စီအတွင်း တပ်မတော် က သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ ကာကွယ်ဝန်ကြီးဌာန၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော် မရှင်နဲ့ ဒေသခံတောင်သူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
2015-07-17
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် အာဇာနည်နေ့မှာ ဟွန်းတီးပြီး အလေးပြု ကြဖို့ နှိုးဆော်တဲ့ လက်ကမ်းစာစောင်တွေကို ပခုက္ကူကျောင်း သားများ သမဂ္ဂအဖွဲ့ဝင်တွေက တက္ကသိုလ်တွေမှာ လိုက်လံဖြန့်ဝေရာ တားမြစ်ခံရပါတယ်။
2015-07-17
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီက ကြေညာထားတဲ့ တစ်ရက် လုပ်ခ ကျပ် ၃၆ဝဝ ကို အလုပ်ရှင် ၁၆ဝ ကျော်နဲ့ အလုပ် သမားအဖွဲ့ ၂ဝ နီးပါးက ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။
2015-07-17
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြတာကြောင့် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
2015-07-17
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို လာမယ့် ဇူလိုင် လ ၂၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်တယ် လို့ ဒီနေ့ တရားရုံးချိန်းမှာ ဆုံးဖြတ်လိုက်ပါတယ်။
2015-07-17
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-07-17
မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေး သူငယ်နှင့် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Leila Zerrougui က ဒီနေ့ ရန်ကုန်မြို့၊ အင်းယားမြိုင်လမ်းက UNICEF Myanmar ရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-07-17
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-07-17
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ ဒီကနေ့အစီအစဉ်မှာ… အညာကျေးလက်ဒေသက တရားမဝင် မီးသွေးဖုတ်တဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ မိသားစုတစ်စုနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သားကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-17
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်တရားသူကြီးဟာ အကျင့်ပျက်လာဘ်စားတယ်လို့ စွပ်စွဲလိုက်ပြီး အဲ့ဒီ တရားသူကြီးကို ဖယ်ရှားပေးဖို့ ပြင်ဦးလွင်မြို့ဒေသခံတွေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ဝင်တွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2015-07-17
နိုင်ငံတော်သမ္မတအကြံပေးဟောင်း ဒေါက်တာနေဇင်လတ် တည်ထောင်ထားတဲ့ အမျိုးသားတိုးတက်ရေးပါတီဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်တယ်လို့ သိရပါတယ်။