သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-27
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလမှာ အလုပ်သမားအခွင့်အရေးရရှိဖို့ တောင်းဆိုတဲ့ စက်ရုံတွေက ဆန္ဒပြ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးသူတွေ စုစုပေါင်း ၇၀ ကျော်လောက် အမှုဖွင့်ခံထားရပါတယ်။
2020-04-27
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖြစ်၊ မဖြစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာပေးဖို့ အချိန်ရောက်ပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ပြောကြပါတယ်။
2020-04-27
ကိုဗစ် 19 ကမ္ဘာ့ကပ်ရောဂါဟာ အဆုတ်ကိုထိခိုက်ပြီး လူငယ်တွေထက် လူကြီးတွေကို ပိုကူးစက် နိုင်တယ်လို့ အစပိုင်းမှာ ပြောထားပေမယ့် လူ့ခန္ဓာကိုယ်တွင်းက တခြား အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ဖျက်ဆီးတယ်ဆိုတာ ဆေးပညာရှင်တွေ တွေ့လာရပါတယ်။
2020-04-27
မန္တလေးမြို့က အထွေထွေရောဂါကုဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ အဖြစ်နဲ့ စောင့်ကြည့်နေတဲ့ သူတွေထဲက ဒီရက်ပိုင်းမှာ ၁၂ ယောက်သေဆုံးသွားတာနဲ့ ပတ်သက်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တဆင့် တိုက်ရိုက်ရှင်းပြထားပါတယ်။
2020-04-26
မြန်မာနိုင်ငံမှာ အစောပိုင်းက လူတစ်သန်းမှာ လူ ၄၆ ယောက်ကိုပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ ရှိ-မရှိ စစ်ဆေးနိုင်ခဲ့ပေမယ့် အခုတော့ လူတစ်သန်းမှာ အယောက် ၁၂၀ နှူန်း စစ်ဆေးနိုင်ပါတယ်။ ကိုဗစ်-19 ကူးစက်ခံရတဲ့ ဗြိတိန်ဝန်ကြီးချုပ်လည်း ဒီနေ့အလုပ်ပြန်ဆင်းပါမယ်။
2020-04-26
ကမ္ဘာ့လေထုညစ်ညမ်းမှု ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၉ မှာရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် IQ Air ဝက်ဘ်ဆိုက်ရဲ့ ဧပြီ ၂၆ မနက်ပိုင်း တိုင်းတာချက်အရ သိရပါတယ်။
2020-04-26
ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊ မရှိ တစ်ရက်ကို လူ ၁၃၀၀ ကျော် ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ Cobas 6800 စက်အသစ်ကို မကြာခင်ရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2020-04-26
ရန်ကုန်တိုင်း အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ တရုတ်စကားပြန်နဲ့ အနီးကပ် ထိတွေခဲ့သူ ရှစ်ဦးကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ပြောပါတယ်။
2020-04-26
မြန်မာနိုင်ငံတွင်းက လူမှုရေး စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို အမေရိကန်နဲ့ ပြည်ပရောက်မြန်မာတွေ နှစ်စဉ်ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို အခုနှစ်အတွက် မြန်မာနိုင်ငံက Covid-19 ကူးစက် ရောဂါကာကွယ်၊ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံဆောင်ရွက်နေတဲ့ သူရဲကောင်းတွေကို ချီးမြှင့်လိုက်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က ကြေညာပါတယ်။
2020-04-26
အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်နှုန်း ၆.၄ ရာခိုင်နှုန်းရှိလိမ့်မယ်လို့ မူလက ခန့်မှန်းထားပေမယ့်၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂ ရာခိုင်နှုန်းပဲ ရှိတော့မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
2020-04-26
မြန်မာနိုင်ငံမှာ မနေ့ကညကအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့တဲ့သူ အသစ်ထပ်မတိုးဘဲ ၁၄၄ ဦး အတိုင်းပဲဆက်ရှိနေပြီး သေဆုံးသူက ၅ ယောက်မှာပဲရှိနေတယ်လို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန မနေ့က ည ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။
2020-04-25
မင်းပြားမြို့နယ်မှာ WHO ဝန်ထမ်းတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဟာ တပ်မတော်ရဲ့လက်ချက် လုံးဝ မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
2020-04-25
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာရှိတဲ့ ချန်းရိဖိနပ်စက်ရုံက တရုတ်စကားပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် အနီးကပ် ထိတွေခဲ့သူတွေကို စောင့်ကြည့်နေပြီး စက်ရုံက အလုပ်သမားတွေကလည်း ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။
2020-04-25
၂ဝ၂၀ ဧပြီ ၂၅ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ "ကိုရိုနာကာလ စက်ရုံ/အလုပ်ရုံတွေအရေး ဘယ်လိုဖြေရှင်းမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-04-25
ကိုရိုနာဗိုင်းရပ်စ်ပိုး တစ်ကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေလို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒီနှစ် ရာမဒွါန် ဥပုသ်လမှာ ဗလီဝတ်ကျောင်းတွေမှာ ဝတ်မပြုဘဲ မိမိတို့အိမ်မှာပဲ ဝတ်ပြုကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။