သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-14
ရခိုင်ပြည်နယ် မောင်တောဒေသကနေ နေရပ်စွန့်ခွာခဲ့ကြသူတွေအနေနဲ့ လုံခြုံရေးစိတ်ချရပြီမို့ ပြန်လည်နေ ထိုင်နိုင်ပြီလို့ ဒီရက်ပိုင်းအတွင်း မောင်တောမြို့ကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေက ပြောပါတယ်။
2017-09-14
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူအုပ်စုတစ်စုက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခဲနဲ့ပေါက်ဖျက်စီးမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ခိုင်းစေတာလို့ စွပ်စွဲတဲ့ စာသားတွေ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာမှာ တင်ခဲ့သူတွေကို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2017-09-14
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ကနေ နန်စီပွန်နဲ့ တနိုင်းဒေသဘက်ကို ဆန်အပါအဝင် စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ အများအပြား သယ်ယူခွင့်ကို အထောက်အထား ခိုင်လုံအောင် မပြနိုင်ရင် ပိတ်ပင်ထားတယ်လို့ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2017-09-14
လက်ရှိလည်ပတ်နေတဲ့ အစိုးရယန္တရားမှာ အမိန့်ပေးခိုင်းစေတဲ့ ဗျူရိုကရေစီ စနစ်ဟောင်းက လက်ကျန်အရာရှိတွေ ရှိနေသေးတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်ပါတယ်။
2017-09-13
ရခိုင်ပြည်နယ် မောင်တောခရိုင်က ရဲစခန်း ၃၀ ကျော်ကို ARSA လို့ နာမည်ပေးထားတဲ့ အကြမ်းဖက် မွတ်စလင်အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့မှာ ဝင်တိုက်ပြီးတဲ့နောက် အဲဒီဒေသမှာနေထိုင်တဲ့ ရခိုင်၊ ဒိုင်းနက်၊ မြိုစတဲ့ တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်တွေနဲ့ သာမန်အရပ်သား မွတ်စလင်တွေပါ ထွက်ပြေးရတဲ့ဖြစ်ရပ်က ဒီနေ့ဆို ၁၉ ရက်ရှိခဲ့ပါပြီ။
2017-09-13
အဖြစ်မှန်ကိုမသိတဲ့အခါ၊ အဖြစ်မှန်ကိုရော အကြောင်းချင်းရာမှန်ကိုပါ မသိသူကို ကိုးကားဖော်ပြတဲ့အခါ သတင်းမှားဖြစ်သွားတတ် တယ်လို့ အမေရိကန်ပြည်ထောင်စုက ဝါရင့် သတင်းစာဆရာကြီးတစ်ဦးက ဟောပြောပို့ချဖူး ပါတယ်။
2017-09-13
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို နိုင်ငံတော်သမ္မတအမိန့်နဲ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2017-09-13
ရခိုင်ပြည်နယ်၊ မောင်တောဒေသလုံခြုံရေးကို ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့အတွက် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက အခြေခံပညာကျောင်းတွေ၊ ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအားလုံး လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင်ကြဖို့ ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။
2017-09-13
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေ သတွေကို သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေရဲ့ ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေ နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
2017-09-13
လက်ရှိကျင့်သုံးနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့၊ တိုင်းပြည်နယ်လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲဥပဒေ ၃ ခုကို ပေါင်းပြီး ဥပဒေတစ်ခုတည်းအဖြစ် ရေးဆွဲနေတယ်လို့ သိရပါတယ်။
2017-09-13
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာရှိတဲ့ ကမ်းနီးငါးဖမ်းလှေတွေကို ဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလိုင်စင်၊ လှေလိုင်စင်တွေ ထုတ်မပေးတဲ့အတွက် တံငါသည်တွေ အခက်အခဲတွေ့နေပါတယ်။
2017-09-13
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အခြေခံပြီး ပြည်တွင်းမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေကတဆင့် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးမှုတွေ ရှိနေတဲ့အခြေအနေအပါအဝင် အချက် ၄ ချက်ကြောင့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2017-09-13
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွား ခဲ့တဲ့ လူစုလူဝေးဖြစ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ထပ်မံဖမ်းဆီးထားတာကြောင့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိထားသူ ၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
2017-09-13
ဆရာ၊ ဆရာမတွေကို အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို အတင်းအကြပ်ပြန်လည်စေလွှတ်တာမပြုဖို့နဲ့ အခြေအနေတည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2017-09-13
အကြမ်းဖက်ခံရတဲ့ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ စားနပ်ရိက္ခာလိုအပ်မှုထက် အသက်အိုးအိမ်စည်းစိမ်လုံခြုံဖို့က အဓိကဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် မမီးမီးက ပြောပါတယ်။