သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-17
ကိုရိုနာဗိုင်းရပ် ကိုဗစ်နိုင်တီးကြောင့် သီးခြားနေထိုင်ရတာတွေ၊ အိမ်မှာအနေကြာလာတဲ့အခါမှာ စိတ်ဖိစီးတာတွေ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုသီးခြားနေထိုင်နေရတာတွေဟာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် မပြန့်ပွားအောင် ပါဝင်ကူညီနေတာပါ။
2020-04-17
ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ မနေ့ညနေက ပစ်ခတ်မှုဖြစ်လို့ ကလေးတစ်ဦးသေဆုံးပြီး ရိုဟင်ဂျာ ၅ ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ကျောက်တော်တံတားအနီးမှာ အလုပ်လုပ်နေတဲ့ ဒေသခံ ၃ ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
2020-04-17
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို အဓိကလက်ခံပြီး ကုသတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါ ဝင်ဆောင်ရွက်နေတဲ့ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေ၊ ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေ၊ ဝန်ထမ်းတွေမှာ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝေဘာဂီဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ပြောပါတယ်။
2020-04-17
နိုင်ငံတော်သမ္မတလွှတ်ပေးတဲ့ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းသား နှစ်သောင်း ကျော်ထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာပါတယ်။
2020-04-17
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တစ်သောင်းခွဲလောက် ပြန်ဝင်လာမယ်လို့ သိရပြီး လောလောဆယ်တော့ တစ်ရက်ကို အယောက် နှစ်ရာနှုန်းနဲ့ ပြန်ဝင်လာနေကြပါတယ်။
2020-04-17
ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုးမကူးစက်အောင် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး သုံးပေကနေ ခြောက်ပေအကွာနေရမယ်လို့ ညွန်ကြားထားပေမယ်လည်း တစ်အိမ်နဲ့တစ်အိမ် ပူးကပ်နေတဲ့မြို့နယ်တွေက ပြည်သူတွေမှာတော့ လူအများနဲ့ ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။
2020-04-16
မြန်မာနိုင်ငံအတွင်း မြို့ကြီးတွေမှာ အရေးကြီးကိစ္စမရှိရင် အပြင်မထွက်ကြဖို့ လူမစုဖို့ အာဏာပိုင်တွေက ညွှန်ကြားထားချိန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကူးစက်ရောဂါကြီးကို အံတုပြီး အလုပ်လုပ်နေကြပါတယ်။
2020-04-16
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဖြစ်ပွားပျံ့နှံ့မှုကြောင့် တရုတ်-မြန်မာနယ်စပ် ဝင်ပေါက်တွေ ပိတ်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် တရုတ်-မြန်မာနယ်စပ်နဲ့ ကပ်ရက်ရှိနေတဲ့ ကချင်ပြည်နယ်က ချီဖွေဒေသမှာ ဒေသခံတချို့ ဘဝရပ်တည်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။
2020-04-16
မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ရိုးရာသင်္ကြန်ပွဲကို စည်စည်ကားကားကျင်းပလာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ်ကြောင့် ပွဲတော်ကျင်းပခွင့်မရခဲ့ပါဘူး။
2020-04-16
၂၀၂၀ မြန်မာနှစ်သစ်သင်္ကြန်ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အသွင်သဏ္ဍာန်အားဖြင့်ပြောင်းလဲသွားပေမယ့် အကုသိုလ်တွေ၊ လောဘ ဒေါသ မောဟတွေနည်းပြီး ဘာသာတရားကိုလူတွေပိုပြီး အာရုံစိုက်လာကြတဲ့အတွက် အနှစ်သာရအားဖြင့် အဆိုးထဲက အမြတ်ထွက်တယ်လို့ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလက မိန့်ကြားပါတယ်။
2020-04-16
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်စဉ်ကျင်းပနေကျ ရိုးရာ သင်္ကြန်ပွဲတော်ကို ဒီနှစ် မကျင်းပပါဘူး။ စည်စည်ကားကားဖြစ်ခဲ့တဲ့ မြန်မာနှစ်သစ်ကူးကာလဟာ ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါပိုးကို အကြီးအကျယ် တိုက်ဖျက်နေရချိန်နဲ့ တိုက်ဆိုင် သွားတဲ့အတွက် ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေရဲ့ သင်္ကြန်အနေအထားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။
2020-04-16
နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ Naypyitaw Covid.19 Volunteer Team(NCVT) နာယက တစ်ဦးဖြစ်တဲ့၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကို RFA ၀ိုင်းတော်သား ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။
2020-04-16
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း တို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-04-16
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “ချင်းပြည်နယ် ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်တွေအကြောင်း” ကို ရှုစားကြရမှာပါ။
2020-04-16
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေထဲကို ဈေးရောင်း၊ ဈေးဝယ်ကြသူအားလုံး နှာခေါင်းစည်းတွေမပါရင် ဝင်ခွင့်မပြုဘူးလို့ ကော်မတီက အသိပေးထားပါတယ်။