သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-11
၂ဝ၂၀ ဧပြီ ၁၁ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ "အခြေခံလူတန်းစားတွေဘဝမြှင့်တင်ရေး ရေတိုရေရှည်နည်းလမ်းများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-04-11
မွန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိသလို စောင့်ကြည့်ကာလမှာ သေဆုံးသူ ဆယ်ဦးထိ ရှိခဲ့ပါတယ်။
2020-04-11
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈ ဦးကို တွေ့ရှိထားပြီး ရန်ကုန်မြို့အတွင်းမှာတင် ရောဂါပိုး ကူးစက်ခံထားရသူ ၁၈ ဦး ရှိလာလို့ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ များလာမှာကို ရန်ကုန်မြို့နေ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
2020-04-10
မိုနိုဆိုဒီယမ် ဂလူတာမိတ်လို့ ခေါ်တဲ့ ဟင်းခတ်အချိုမှုန့်ကို ကာလကြာရှည် စားသုံးမယ်ဆိုရင် ဦးနှောက်အာရုံကြောရောဂါ၊ သွေးတိုးရောဂါ၊ အရိုးအဆစ်ရောဂါ စတဲ့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်တာကြောင့် တချို့နိုင်ငံတွေမှာ အချိုမှုန့် မသုံးကြဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။
2020-04-10
မြန်မာနိုင်ငံဒေသတချို့မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂ဝ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ တီကျစ်ဓာတ်အားပေးစက်ရုံ ကျောက်မီးသွေးတူးဖော်ရေးကြောင့် ဒေသခံတွေရဲ့ နေထိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နစ်နာမှု ရှိနေတာပါ။
2020-04-10
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ ဝင်ထွက်သွားလာတာတွေကို သင်္ကြန်ကာလအပါအဝင် နှစ်ပတ်ကြာ ကန့်သတ်ထားတာနဲ့ နေအိမ်တွေကနေ အပြင်မထွက်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေက ပြောဆိုထားပါတယ်။
2020-04-10
မြန်မာနိုင်ငံရေး၊ လူမှုရေးနယ် ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေ မှာ ပြောကြားကြတဲ့ အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2020-04-10
အစားအသောက်နဲ့ ဆေးဝါးဝယ်ယူတာကလွဲပြီး အသွားအလာကန့်သတ်လိုက်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်နေ့အတွင်း ပုံမှန်ဝင်ငွေမရှိသူတွေအတွက် အခြေခံစားသောက်ကုန်တချို့ကို အစိုးရက ထောက်ပံ့ပေးနေပါတယ်။
2020-04-10
လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် လုံးဝခွင့်လွှတ်လို့မရတဲ့ အက်စစ်နဲ့ပက်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ပေးဖို့၊ နောင်ပိုင်းမှာ ဒါကိုအတုယူပြီး အက်စစ်နဲ့ပက်တာတွေ ခေတ်စားလာမှာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။
2020-04-10
တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲ ဝင်ရောက်လာမယ့် ကုန်တင်ယာဉ်မောင်းတွေ ကို လက်မခံတော့ဘဲ ယာဉ်မောင်းအစားထိုးစနစ်ကို ပြောင်းလဲ ကျင့်သုံးလိုက်ပါတယ်။
2020-04-10
ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်ရေးစင်တာတွေမှာ ၁၄ ရက် နေထိုင်ခဲ့သူတွေအနေနဲ့ ရောဂါလက္ခဏာမပြဘဲ စောင့်ကြည့်ကာလ ပြည့်သွားလို့ နေအိမ်တွေကို ပြန်ခွင့်ရရှိခဲ့ပေမယ့် နောက်ထပ် ၁၄ ရက်ခန့် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။
2020-04-10
ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေညာပြီး သတင်းသမားတွေ အရေးယူခံရပြီးနောက် ရခိုင်ဒေသတွင်း စစ်ရေးပဋိပက္ခ သတင်းတွေ ရေးသားဖော်ပြဖို့ ခက်ခဲလာပါတယ်။
2020-04-10
နှစ်သစ်ကူး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်စာရင်းကို နိုင်ငံတော်သမ္မတရုံးထံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ပေးပို့ထားပါတယ်။
2020-04-09
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ ရွာသား လေးဦး ဒဏ်ရာရရှိသွားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဧပြီလ ၆ ရက်နေ့ကနေ မနေ့ကအထိအချိန် သုံးရက်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးနဲ့ သေဆုံးသူ တစ်ဦးရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2020-04-09
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံနေရတဲ့ သတင်းသမား ကိုနေမျိုးလင်းဟာ ဧပြီလ ၉ ရက်ညပိုင်းမှာ မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ ငြိစွန်းမှုမရှိလို့ သူ့ကို ပြန်လွှတ်ပေးလိုက်တာလို့ ကိုနေမျိုးလင်းက RFA ကို ပြောပါတယ်။