သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-01
မြန်မာပြည်မှာ အသွားအလာကန့်သတ်တာတွေ ဒီရက်ပိုင်းအတွင်းမှာ မလုပ်ဘူးဆိုရင် လာမယ့်သီတင်းပတ်အတွင်း ကိုရိုနာရောဂါကူးစက်မှုအခြေအနေပိုဆိုးလာနိုင်လာတယ်လို့ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့က Garfield Medical Center မှာ ရောဂါပိုးရှိတဲ့သူတွေကို ကုသပေးနေတဲ့ ကူးစက်ရောဂါအထူးကုဆရာဝန် ဒေါက်တာသီတာဝင်းကပြောလိုက်ပါတယ်။
2020-04-01
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေချိန်ကာလမှာ ထိုင်းနယ်စပ်ကနေ ပြန်ဝင်လာသူတွေကို ဒီကနေ့ကစလို့ မြန်မာအစိုးရက ယာယီ ပိတ်ပင်လိုက်ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကလည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာ သတိပေးချက်တွေကို ထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူသွားမယ်လို့ ပြောဆိုထားတာပါ။
2020-04-01
ဒီတပတ်မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ ကချင်ပြည်နယ်တို့ က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ရေးသား ပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-04-01
နေပြည်တော်က အစိုးရဆေးရုံတွေနဲ့ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၆၅၀ ကျော် စောင့်ကြည့်ခံရသူတွေအဖြစ် ရှိနေပြီး အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးနေပါတယ်။
2020-04-01
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာ့တစ်ဝန်း စိုးရိမ်ထိတ်လန့်နေရချိန်မှာ မြန်မာပြည်တွင်းမှာတော့ သတင်းသမားတွေ ဖမ်းဆီးခံရတာနဲ့ နေအိမ်တွေ၊ ရုံးခန်းတွေမှာ ဝင်ရောက်ရှာဖွေခံနေရပါတယ်။
2020-04-01
တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေမှာ လူဝင်လူထွက်မှုတွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က ဒီကနေ့မှာ ကန့်သတ်လိုက်ပါပြီ။
2020-04-01
ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်နဲ့အဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရပြီးနောက် အဲဒီဌာနက သတင်းထောက် သုံးဦးကို မြို့နယ်ရဲတပ်ဖွဲ့က မတ် ၃၁ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့သလို လက်ပ်တော့ ကွန်ပျူတာတစ်လုံးကိုပါ သိမ်းဆည်းသွားပါတယ်။
2020-03-31
ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရဲ့အန္တရာယ်နဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ရောဂါကူးစက်ခံထားရတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
2020-03-31
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညနေက တပ်မတော်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၂ ဦး သေဆုံးပြီး၊ ၂ ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
2020-03-31
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့လူနာတွေထဲက ရန်ကုန်၊ မင်္ဂလာတောင်ညွှန်မြို့နယ်က အမှတ်၅ လူနာဟာ ဒီမနက်မှာ သေဆုံးသွားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ခင်ကြီးက RFA ကို ပြောပါတယ်။
2020-03-31
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်ကြောင့် Voice of Myanmar - VOM သတင်းဌာန တည်ထောင်သူ ကိုနေမျိုးလင်း ကို မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးလိုက်ပါတယ်။
2020-03-31
ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက်ပိုင်း ဆန်လုပ်ငန်းရှင်တွေကို အစိုးရက ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေအတွက် ပြည်ပကို ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။
2020-03-30
ပြည်ပကပြန်လာသူတွေ၊ ကိုရိုနာသံသယကြောင့် အိမ်တွေမှာစောင့်ကြည့်ခံရသူတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပဲ အပြင်တွေသွားတာ၊ တခြားသူတွေနဲ့တွေ့ဆုံတာတွေက အရမ်းအန္တရာယ်များ ပါတယ်။
2020-03-30
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပထမဆုံးစတွေ့တဲ့ လူနာ ၂ ဦးထဲက တစ်ဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာနေထိုင်တဲ့ ကိုခိုင်စံ Khai San ဟာ ပထမဆုံး ရောဂါပိုးတွေ့သူတွေထဲမှာ ပါဝင်ပေမယ့် အခုချိန်ထိ ရောဂါလက္ခဏာမပြသေးသလို သူနဲ့ထိတွေ့ခဲ့သူအားလုံးလည်း ကျန်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
2020-03-30
ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကျောက်တော်မြို့နယ်က ကျေးရွာအချို့ဟာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီး တွေကြောင့် မီးလောင်ခဲ့ရကြောင်း ကျေးရွာသားတွေက ဒီနေ့ပြောဆိုလိုက်ပါတယ်။