သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-01
မြန်မာ့ဇာတ်သဘင် အနုပညာရှင်တွေ ၂၀၁၀ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ၂၀၁၁ ခုနှစ် အတွက် မျှော်မှန်းချက်တွေအကြောင်း မန္တလေးမြို့က နှုတ်ခမ်းမွှေးညီနောင် လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော်နဲ့ မြပုဏ္ဏမာ အငြိမ့်အဖွဲ့က လူရွှင်တော် ကိုဂေါ်ဇီလာတို့ရဲ့ ပြောပြချက်တွေကို နားဆင်ရမှာပါ။
2011-01-01
မြန်မာစစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ စစ်တိုင်းတွေ မကြာခင် တိုးချဲ့တော့မယ်လို့ သိရပါတယ်။ တိုးချဲ့မယ့် စစ်တိုင်း ၂ တိုင်းကတော့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-01-01
ဒီဇင်ဘာလ ၃၁ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ ဦးခင်အောင် (စင်္ကာပူ)၊ ကိုမင်းဆက်ဟိန်း (ဗြိတိန်)၊ ကိုကြည်လင်း (ပဲခူး)၊ ဦးဇာဂရဗုဒ္ဓိ (သီရိလင်္ကာ)၊ ဒေါက်တာမြင့်ချို (သြစတြေလျ) နဲ့ ကိုစောကျော်ကျော်မင်း (ထိုင်း-မြန်မာ နယ်စပ်) တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဖြေကြားထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။