သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-25
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာတွေထဲကို ပစ်ခတ်လို့ ဒီနေ့ နေ့လယ်က ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2020-03-25
မြန်မာရဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူကို ရန်ကုန်မြို့မှာ တွေ့ရှိတယ်လို့ အစိုးရက ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်အစောကြီးမှာ ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့သူနဲ့ မိသားစုတွေကို အစိုးရက နေအိမ်သီးခြား စောင့်ကြည့်နေပါတယ်။
2020-03-25
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ခံလိုက်ရတဲ့ အောင်သပြေကျေးရွာသားတွေကို မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-03-24
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ်တစ်ဦးကို မတ်လ ၂၄ ရက် မနေ့က တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ရောဂါကူးစက်သူ သုံးဦး ရှိသွားပါပြီ။
2020-03-24
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ ဖြန့်ဝေတဲ့ထဲမှာ နာမည်ကြီး သတင်းဌာနတွေ သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
2020-03-24
ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာနဲ့ တွေ့ထိမှု ရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပြီး နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင်နေရပါတယ်။
2020-03-24
AA အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုပိတ်ပြီး စစ်ဘောင်ချဲ့လိုက် တာမို့ ရခိုင်မှာ စစ်မီး ပိုတောက်လောင်ဖို့ရှိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-03-24
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ရွာတစ်ရွာကို အစိုးရက ဒီနေ့မှာပဲ ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပါတယ်။
2020-03-24
ချင်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တွေ့ရပြီးနောက်မှာ မန္တလေးမြို့မှာလည်း လူစည်ကားတဲ့ နေရာတချို့ကို ကန့်သတ်တားဆီးတာတွေ ရှိလာပါတယ်။
2020-03-24
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ တီးတိန်မြို့ နယ်ထဲက ရွာတစ်ရွာကို ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပြီး သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ အားလုံးကို စောင့်ကြည့်လူနာအနေနဲ့ သတ်မှတ်ထားပါတယ်။
2020-03-24
အခုအချိန်ဟာ တစ်ကမ္ဘာလုံး ညီညွတ်စွာ ဦးနှောက်သုံးပြီး ဆုံးဖြတ်လုပ်ကိုင်ရမယ့် အချိန်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြစ်တင်ငြင်းခုံကြရင်းနဲ့ သွေးရူးသွေးတန်း လုပ်ရမယ့် ကာလ လုံးဝ မဟုတ်တော့ ပါဘူး။
2020-03-23
ရက္ခိုင့်တပ်တော် AA ကို မတရားသင်းအဖြစ် အစိုးရက သတ်မှတ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီး မနေ့ညက ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာတာဟာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့မူဝါဒ အစိုးရမှာမရှိဘူးဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ AA အဖွဲ့က တုန့်ပြန်ပါတယ်။
2020-03-23
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတဲ့ ပထမဆုံး လူနာနှစ်ဦး တွေ့ရှိတယ်လို့ ဒီနေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-03-23
ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာပါမှ ပြန်လာခွင့်ပြုမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် အလည်အပတ်သွားသူတွေနဲ့ ကျောင်းသားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေကြပါတယ်။
2020-03-23
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်အဆိုတွေကို နေပြည်တော် အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ရာမှာ တပ်တွင်းမဲရုံတွေကို တပ်ပြင်ပမှာ ထားရှိရေးနဲ့၊ ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်သူတွေ မဲပေးပိုင်ခွင့်ရှိရေး အဆိုမူကြမ်းတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။