သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-15
ထွက်ပြေးသွားသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေ၊ စခန်းမှူးနဲ့ ဒုရဲအုပ်လည်း ပါတယ်လို့ ဆိုပါတယ်။
2024-12-15
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒေသခံ နှစ်ထောင်လောက် ထွက်ပြေးနေရပါတယ်။
2024-12-15
ကယားပြည်နယ်မှာ KNDF က ဦးစီးဖွင့်လှစ်တဲ့ ဆေးကုသရေးသင်တန်းမှာ လေ့ကျင့်ရေးဆင်းချိန် ဆေးတပ်သား ၁၈ ဦး ရေထဲမျောပါ သေဆုံးသွားတဲ့အပေါ် သင်တန်းတာဝန်ရှိသူ သုံးဦးကို ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
2024-12-15
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ MNDAA တို့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဆွေးနွေးမှုစတင်နေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောပါတယ်။
2024-12-15
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား တစ်ရာကျော် (၁၀၁ ဦး) ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
2024-12-15
ရခိုင်ပြည်နယ်၊ ဂွမြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။
2024-12-14
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှ ပဋိပက္ခတွေ ပြေလည်စေမှာဖြစ်တာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
2024-12-14
မြန်မာစစ်တပ်ကနေ နယ်ခြားစောင့်တပ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့ မထောက်ပံ့နိုင်တော့တာကို ပြသနေတယ်လို့ မြန်မာအရေး လေ့လာသုံးသပ်သူ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
2024-12-14
ရွှေ့ပြောင်းလုပ်သားတွေကို မှတ်ပုံတင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေထိုင်လို့ရမယ့် လမ်းကြောင်းတွေကို တိုးချဲ့ပေးဖို့ IOM က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2024-12-14
ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ အကြံပေးအရာရှိချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်တို့ကို ရိုဟင်ဂျာတွေက တရားမျှတမှုနဲ့ နေရပ်ပြန်ရေးကိစ္စတွေကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။
2024-12-14
မြန်မာလှေသမား ခြောက်ဦးကို ရနောင်းမြို့ ပတ်ခ်နမ်း ရဲစခန်းကို လွှဲပြောင်းပေးပြီး မှောင်ခိုကုန်ပစ္စည်းသယ်ဆောင်မှုနဲ့ ဥပဒေအရ အရေးယူဖို့ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
2024-12-14
စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ အညာမြေ အရပ်ဘက်လူမှုကူညီရေးအဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။
2024-12-14
အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းအာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတာနီးက RFA ကို ပြောပါတယ်။
2024-12-14
ဂွမြို့အနီးမှာ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမတစ်လျှောက် စစ်ရေးပြင်နေပါတယ်။
2024-12-14
တောင်ပိုင်းစစ်ဒေသတွေဖြစ်တဲ့ ပဲခူး၊ မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦးသေဆုံးသွားပါတယ်။