သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ အစိုးရစာ သင်ကျောင်း တချို့ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2017-09-12
မြန်မာနိုင်ငံမှာရှိတဲ့ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ် MLM ကုမ္ပဏီတွေကို ဒီနှစ်ဆန်း ပိုင်းကစပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-09-12
စက်တင်ဘာလ ၁၁ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့စာတွေ အင်တာနက် လူမှုကွန်ရက်တွေကတဆင့် ဖြန့်ဝေနေသလို၊ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့ မြို့ကြီးတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် လူအများ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
2017-09-12
မောင်တောမြို့နယ်က တချို့ရွာတွေမှာ လူမရှိတော့ဘဲ၊ တချို့ရွာတွေမှာ လူအနည်းအကျဉ်းပဲ ကျန်တော့တယ်လို့ သိရပါတယ်။
2017-09-12
လူအုပ်ဖွဲ့ ရမ်းကားဖျက်ဆီးမှု မနေ့ညကဖြစ်ပွားခဲ့တဲ့ တောင်တွင်းကြီးမြို့မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်ပေမဲ့ ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။
2017-09-12
ဒီကနေ့မှာတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အဖြစ်အပျက်တွေကို ရွှေဝါရောင်တော် လှန်ရေး ၁၀ နှစ်ပြည့်အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုနေရိန်ကျော်နဲ့ ဒေါ်ခင်ခင်အိတို့က တင်ဆက်ထားပါတယ်။
2017-09-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအပေါ် အခြေခံပြီး ဘာသာရေးပဋိပက္ခအသွင် ဖန်တီးနေတဲ့ ကောလာဟလတွေဟာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရအကြပ်အတည်းဖြစ်ပေါ်စေရေးကို ဦးတည်ပြီး ဖန်တီးနေတာလား ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာနေပါတယ်။
2017-09-12
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ မတည်ငြိမ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၅ ဦးကို တောင်တွင်းကြီးမြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေသလို တခြားပါဝင်သူတွေ ဦးဆောင် သူတွေ ပေါ်ပေါက်အောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2017-09-12
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေအရ မောင်တောဒေသမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ အတူတကွ နေထိုင်သွားနိုင် မလား ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
2017-09-11
ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေး နှစ်သစ်ကူးကွင်းမှာ မနေ့က နေ့လည်ပိုင်းက ဆရာတော် ဦးဝီရသူ ကျင်းပခဲ့တဲ့ ဟောပြောပွဲဟာ ဘားအံမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရဲ့ သဘောတူညီချက် မရဘဲ ကျင်းပခဲ့တာလို့ သိရပါတယ်။
2017-09-11
စက်တင်ဘာလ ၁၀ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆရာတော် ဦးဝီရသူ ဦးဆောင်ခဲ့တဲ့ ဟောပြောပွဲ မှာ တောင်တွင်းကြီးက ဒေါက်တာကျော်ဆွေလည်း တက်ရောက်ဟောပြောခဲ့ပါတယ်။
2017-09-11
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ စက်တင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2017-09-11
မွန်အမျိုးသား ပညာရေးကျောင်းတွေအတွက် အကူအညီတောင်းခံလာရင် ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးဖို့အသင့်ရှိတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။
2017-09-11
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူနည်းစုတိုင်းရင်း သားတွေအပါအဝင် ရခိုင်တိုင်းရင်းသားပေါင်း နှစ်သောင်းကျော်ရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါ တယ်။
2017-09-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာအနီးမှာ စီးပွားရေးဇုန်သစ်တစ်ခု အကောင် အထည်ဖော်ဖို့အတွက် ရခိုင်ပြည်နယ်အစိုးရနဲ့ နတ်မြစ်အလင်းတန်းအခြေခံ အဆောက် အအုံများ အစုအဖွဲ့ကုမ္ပဏီ (Net River Galaxy Consortium Co,ltd) တို့ လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။