သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-14
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က ဗုံးသီးပေါက်ကွဲတာ၊ လက်နက်ကျည် ထိမှန်တာတွေကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-14
တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဦးဆောင်တဲ့ ၄၅ ဦးပါ ကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-05-14
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က အထိမခံဘဲ ဖြစ်နေတာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အလှမ်းဝေးနေတာလို့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွ ၁၀ ဖဲ့ွရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးမှာ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။
2019-05-14
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသား ရှစ်ဦးထဲက တစ်ဦးက ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ သေဆုံးသွားပါတယ်။
2019-05-14
ထောင်ဆူပူမှုဖြစ်ပွားနေတာကို လူမှုကွန်ယက် Facebook မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အကျဉ်းသားအပါအဝင် အကျဉ်းသား ခြောက်ဦးနဲ့ အကျဉ်းထောင်ဝန်ထမ်း တစ်ဦးကို ထောင် ခြောက်လစီ ကျခံဖို့ မနေ့က အမိန့်ချမှတ်လိုက်တဲ့အပြင် အီလက်ထရောနစ် အက်ဥပဒေနဲ့ အရေးယူဖို့ စစ်ဆေးနေတယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-14
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံထဲမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမပြောင်းရွှေ့နိုင်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဒီနေ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်များအင်အားစု ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
2019-05-13
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့လှူဒါန်းတာတွေ လုပ်နေတာအပြင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ရရှိအောင်ဆောင်ရွက်နိုင်ဖို့အတွက် မြေပြင်ကွင်းဆင်းလေ့လာတာတွေလုပ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2019-05-13
နယ်မြေအငြင်းပွားမှုနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့က အပစ်ရပ်စဲကြောင်း ပြီးခဲ့တဲ့ရက်က ကြေညာလိုက်တဲ့အပေါ် ရှမ်းနိုင်ငံရေးခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြပါတယ်။
2019-05-13
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။
2019-05-13
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ပြန်လည်ဝင်ရောက်လာတဲ့သူ ၂ဝဝ နီးပါးရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2019-05-13
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးုထုတ်ခဲ့ပါတယ်။
2019-05-13
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ရခိုင်စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ UNOCHA တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
2019-05-13
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ပြန်လည်ဝင်ရောက် လာတဲ့သူ ၂ဝဝ နီးပါးရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2019-05-13
ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက နောက်ဆုံးကျန်နေတဲ့ ၂၂ ယောက်လုံးကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။
2019-05-13
အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကို အဝင်နောက်ကျတာကြောင့် မေ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ အပူချိန်တွေ ဆက်ပြီးမြင့် တက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။