သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-07
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ ဆန္ဒမဲပေးခွင့်မရှိစေရလို့ ပြဌာန်းထားတာကို ပယ်ဖျက်ပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်ပါတယ်။
2020-02-07
ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ ဝူဟန်မြို့က တရုတ်နိုင်ငံသား ငါးဦးဟာ တရုတ်နိုင်ငံ ရွှေလီကနေ မူဆယ်ကို ရောက်နေတဲ့အတွက် ရှာဖွေပေးဖို့ ရွှေလီ ရဲဌာနက ဖေဖော်ဝါရီလ ငါးရက်နေ့ ရက်စွဲနဲ့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ကို စာပေးပို့ တောင်းဆိုခဲ့ပါတယ်။
2020-02-07
ကျောက်တော်မြို့နယ်အနီး ကုလားတန်မြစ်အရှေ့ဘက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်ရဲ့ဗျူဟားကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
2020-02-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း မယူမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတချို့ကို မနေ့ညပိုင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး ဒဏ်ရာတွေရခဲ့ကြပါတယ်။
2020-02-06
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်ဝတ္တရားတွေ ပြန်လည်ထမ်းဆောင်စေဖို့ နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။
2020-02-06
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာ နှာခေါင်းစည်းတွေ ဈေးထိုးတက်သွားပြီး တစ်ချို့ဒေသတွေမှာ ဝယ်လို့မရလောက်အောင် ဖြစ်သွားပါတယ်။
2020-02-06
တနင်္သာရီတိုင်းကော့သောင်းရေပြင်မှာ ဒီဇင်ဘာလတုန်းက ဖမ်းမိပြီး မောင်တောကိုပြန်ပို့ထားတဲ့ ရိုဟင်ဂျာ ၁၅ဝ ကျော်ထဲက ၁၃ဝ ကျော်ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် သူတို့နေထိုင်ခဲ့တဲ့ရွာတွေကို ပြန်ပို့လိုက်တယ်လို့ မောင်တောခရိုင် တာဝန်ရှိသူတွေကပြောပါတယ်။
2020-02-06
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီ
2020-02-06
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "အိုင်စီဂျေ ကြားဖြတ်အမိန့်ကို မြန်မာ ဘယ်လိုတုံ့ပြန်သင့်လဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
2020-02-06
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မြန်မာယန်စီကုမ္ပဏီကို တရုတ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦး သေဆုံးတာ ဟုတ်၊ မဟုတ် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာယန်စီကုမ္ပဏီ၊ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေကြားမှာ မပြေလည်မှုတွေရှိနေကြပါတယ်။
2020-02-06
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ကန့်ကွက်စာပေးပို့ထားတဲ့ကြားက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်တွေနဲ့ ထပ်မံလာရောက်ထောက် လှမ်းနေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်နိုင်လို့ တာဝန်ယူမှုရှိအောင် တုံ့ပြန်သွားမယ်လို့ KUN ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
2020-02-06
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... ရက္ခိုင့် တပ်တော် AA ရဲ့ ဖမ်းဆီးခံရမှုကနေ မကြာသေး ခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် အမှတ် (၁၁) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-02-06
စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ဖို့ သမ္မတက အမည်စာရင်းတင်သွင်းထားကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့ တရားဝင် ကြေညာလိုက်ပါတယ်။
2020-02-05
မြန်မာနိုင်ငံဖွံ့ဖြိုးမှုနောက်ကျတာ၊ ပြဿနာတွေနဲ့ ရုန်းကန်နေရတာတွေဟာ ဗြိတိသျှကိုလိုနီ ဆိုးမွေကြောင့်မဟုတ်ဘဲ၊ အုပ်ချုပ်မှုညံ့ဖျင်းတဲ့အစိုးရ စနစ်တွေကြောင့်သာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
2020-02-05
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ဒီရက်ပိုင်းတွေအတွင်း သိသိသာသာကို ထိခိုက်နေပါတယ်။