ဝူဟန်မြို့က တရုတ်နိုင်ငံသား ငါးဦး မူဆယ်ကိုရောက်နေ


2020.02.07
five-wuhan-622.JPG ဝူဟန်မြို့ကနေ မူဆယ်မြို့ကို ရောက်နေလို့ တရုတ်က ရှာပေးဖို့အကြောင်းကြားထားတဲ့ တရုတ်နိုင်ငံသား ငါးဦးပုံကို တွေ့ရစဉ်
Photo: Kan Thar/RFA

ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ ဝူဟန်မြို့က တရုတ်နိုင်ငံသား ငါးဦးဟာ တရုတ်နိုင်ငံ ရွှေလီကနေ မူဆယ်ကို ရောက်နေတဲ့အတွက် ရှာဖွေပေးဖို့ ရွှေလီ ရဲဌာနက ဖေဖော်ဝါရီလ ငါးရက်နေ့ ရက်စွဲနဲ့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ကို စာပေးပို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီထဲက အမျိုးသမီးတစ်ယောက်ကိုတော့ ပန်ဆိုင်မှာ တွေ့ရှိခဲ့ရပြီး သူဟာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူမဟုတ်ဘူးလို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

မူဆယ်မြို့ ဟိုနားရပ်ကွက်က ကိုဇော်မင်းကတော့ သူစိတ်ပူပန်နေရတဲ့အကြောင်း ရှင်းပြပါတယ်။

ကောင်းနောင်ရပ်ကွက်က နန်းခင်အေးကလည်း သူ့မိသားစုအတွက် စိုးရိမ်နေပါတယ်။

မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းကလည်း ဒီကိစ္စအတွက် မူဆယိဒေသခံတွေ အနေနဲ့ စိုးရိမ်မှုရှိကြသလို ကျန်မာရေးနဲ့ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက်က ကြိုတင်ကာကွယ်ဖို့လိုတယ်လို့ ပြောပါတယ်။

တချို့ကလည်း ဒီကိစ္စအတွက် သိပ်ပြီးစိုးရိမ်တဲ့အခြေအနေကို မတွေ့ရပါဘူး။

အသေးစိတ်ကို မြေပုံမှာထောက်ကြည့်ပါ။ ဖုန်းကနေ မြေပုံအ‌သေးစိတ်ကို ကြည့်ရှုရန် open in browser ကိုနှိပ်ပါ

သုံးဘီးဆရာ ကိုချစ်မင်းထိုက်ကတော့ နှစ်နိုင်ငံအာဏာပိုင်တွေက ဒီဗိုင်းရပ်စ်ကို ဂရုစိုက်နေကြလို့ မစိုးရိမ်ပါဘူး။

တရုတ်နိုင်ငံ ရွှေလီရဲဌာနက ဝူဟန်မှာနေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ အမျိုးသားလေးဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း လူငါးဦးစားရင်းကို အခုလ ငါးရက်နေ့က မူဆယ်မြို့ ခရိုင်ရဲတပ်ဖွဲ့ အရာရှိထံကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီသူတွေထဲမှာ ဟောင်ချန်ကျန်း ၄၉ နှစ်၊ ဝမ်ကျားချုံ ၂၈ နှစ်၊ ရွှီဝင်ကျွမ်း၂၁ နှစ်၊ လီချွင်းပေါင် ၅၂ နှစ်၊ မကျိန်ရွှေ့ဖန် ၃၃ နှစ် တို့ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဘက်ကတော့ ကျန်နေတဲ့ လေးယောက်ကို ရှာဖွေနေတယ်ဆိုပေမယ့် သူတို့ဟာ တရားဝင်ပေါက်တွေမှာ စာရင်းမရှိတဲ့အတွက် မြန်မာဘက်ကိုရောက်နေတာ ဖြစ်ချင်မှာလည်းဖြစ်မယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး အောင်ကျော်ဦးက ပြောပါတယ်။

ဒေသခံတွေကြားမှာတော့ ကျန်နေတဲ့ လူလေးယောက်ကို ပြန်တွေ့ဖို့အတွက်ကို မျှော်လင့်နေကြတာပါ။ မူဆယ်မြို့ဟာ တရုတ်နဲ့ ထိစပ်မှုများတဲ့အတွက် တရားဝင်ပေါက်တွေရှိသလို တရားမဝင် အပေါက်တွေလည်း ရှိတဲ့အတွက် တရားမဝင် ခိုးပေါက်တွေကနေ ဝင်လာတာမျိုးကို ဒေသခံ ပြည်သူတွေဘက်ကလည်း သတင်း ပေးကြဖို့လိုတယ်လို့ မူဆယ်မြို့ ပြည်နယ်လွှတ်တော် အမတ် စိုင်းကျော်သိန်းကပြောပါတယ်။

အသေးစိတ်ကို မြေပုံမှာထောက်ကြည့်ပါ။ ဖုန်းကနေ မြေပုံအ‌သေးစိတ်ကို ကြည့်ရှုရန် open in browser ကိုနှိပ်ပါ

မူဆယ်မြို့ပေါ်မှာတော့ အရင်ထက် လူသွားလူလာ အနည်းငယ်လျော့ပေမယ့် ဈေးဆိုင်တွေကတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။ လူမှုကူညီရေးနဲ့ ကျန်းမာရေးအဖွဲ့တွေက နှာခေါင်းစည်းတွေ ဝေငှနေပေမယ့် လူသုံးဦးမှာ တစ်ဦးလောက်ပဲ နှာခေါင်းစည်းတွေသုံးတာကို တွေ့ရပါတယ်။ တရုတ်နယ်စပ် တရားဝင် ဝင်ပေါက်တွေမှာတော့ တရုတ်ဘက်ကလာတဲ့သူဟာ တစ်ရက်ကို သုံးရာလောက်ပဲရှိပေမယ့် မြန်မာနိုင်ငံသားတွေကတော့ တစ်ရက်ကို ဂိတ်သုံးခုမှာ တစ်သောင်းဝန်းကျင်လောက် အဝင်အထွက်ရှိနေတယ်လို့ နယ်စပ်တာဝန်ကျ ကျန်း မာရေးဝန်ထမ်းတွေကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။