သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-13
မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေအတွက် အိန္ဒိယနိုင်ငံက ဆန်တန်ချိန် နှစ်ထောင်ကျော် (၂၂၀၀ ) လှူဒါန်းလိုက်ပါတယ်။
2024-12-13
ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသားတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်ဆိုင်းနေ တဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ပြောင်းရွှေ့အခြေချနေထိုင်တာ များလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2024-12-13
နည်းပညာတွေကို အမီလိုက်ပြီး စစ်မြေပြင်နဲ့ လုပ်ငန်းနယ်ပယ်တွေမှာ အသုံးချရမှာဖြစ်သလို တိုက်ပွဲဝင်အသင့်ဖြစ်အောင် ကြိုးပမ်းရမယ်လို့ စစ်ခေါင်းဆောင်က သူ့ရဲ့ ဗိုလ်လောင်းတွေကို သတိပေးပါတယ်။
2024-12-12
ဖာပွန်ခရိုင်က စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တောင်သုံးလုံးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2024-12-12
ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားရာမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး အွန်လိုင်း( e-Visa) စနစ်နဲ့ စတင်လျှောက်ထားနိုင်တော့ပါမယ်။
2024-12-12
အမေရိကန်အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် ကူညီပံ့ပိုးပေးမှုတွေက နောက်ဆုတ်သွားနိုင်ချေမရှိဘူးလို့ သူက ပြောပါတယ်။
2024-12-12
Airbus ကုမ္ပဏီဟာ AVIC ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ နဲ့ မိတ်ဖက်ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။
2024-12-12
မောင်တောမြို့အနီးက နယ်ခြားစောင့်တပ်စခန်းကို AA ကနေ သိမ်းပိုက်လိုက်တဲ့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို AA ကနေ ထိန်းချုပ်နိုင်သွားပြီဖြစ်တယ်လို့ သတင်းကဖော်ပြပါတယ်။
2024-12-12
စစ်ကိုင်းတိုင်းမှာ ၂၀၂၃ ဇူလိုင်ကနေ ၂၀၂၄ ဩဂုတ်အထိ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၉၅၈ ဦး သေဆုံးပြီး ၁၁၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
2024-12-12
မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့ မြန်မာကုမ္ပဏီနှစ်ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
2024-12-12
ကချင်ပြည်နယ်က စစ်ကောင်စီအတွက် စီးပွားရေး၊ စစ်ရေးအရအရေးပါတဲ့ နေရာတွေအပါအဝင် ခုနစ်ဆယ် ရာခိုင်နှုန်းဝန်းကျင်ကို KIA က သိမ်းယူထားပါတယ်။
2024-12-12
ရွှေဘိုမြို့နယ်၊ သပြေသာရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းပြီးနောက် နေအိမ်သုံးဆယ်ကျော်ကို မီးရှို့ခဲ့ပြီး မီးလောင်ခဲ့တဲ့ နေအိမ်တွေထဲ သတ်ဖြတ်ခံရတဲ့သူ လေးဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။
2024-12-12
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၂ ရက်နေ့အထိ လူငယ် ငါးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရတယ်လို့ ဒေသခံတွေနဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
2024-12-12
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ ခုနှစ်မှာ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
2024-12-12
ငါန်းဇွန်မြို့နယ်ထဲမှာ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပြီး ဖျားနာနေချိန် ကုသဖို့ ဆေးဝါးမလုံလောက်တာကြောင့် သေဆုံးရသူဟာ နှစ်ဆယ်နီးပါးရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။