သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-07
၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်ထဲ ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
2019-06-06
ဒီတပတ်မှာတော့…ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-06-06
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာက ကိုထွန်းမြင့်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုက ပြောပါတယ်။
2019-06-06
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်စေလွှတ်မယ့်စာရင်းမှာ အကြမ်းဖက်သမားတွေအဖြစ် စာရင်းထုတ်ပြန်ထားသူတွေထဲက ၁၆၈ ဦး ပါဝင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဒီနေ့ ပြောပါတယ်။
2019-06-06
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်က ဆွာချောင်းရေလှောင်တမံ ကျိုးကျတာကြောင့် ပြိုလဲပျက်စီးခဲ့တဲ့ ကျွန်းတောစုကျေးရွာက နောက်တိုးနေအိမ် ၁၃ လုံးကို အခုချိန်အထိ မဆောက်ပေးသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-06-06
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တတိယနှစ် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၅ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။
2019-06-06
ဆရာတော် ဦးသောဘိတ(အလကာၤကြယ်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရုံးထံ လျှောက်ထားတဲ့အမှုကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-06-06
ထောင်ဆူပူတာ လက်မဲကြီးကြောင့် မဟုတ်ပဲ လက်အနီကြီးကြောင့် လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မီးတကျီကျီနဲ့ နိုင်ငံရေး သခွပ်ပင် လိုမျိုး လုပ်တော့မယ်ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့နဲ့ ဥပဒေကြောင်းအရ ငြိစွန်းရင် နစ်နာနိုင်တယ်လို့ ပြောလိုက်ပါတယ်။
2019-06-06
ပြည်ထောင်စုလွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု ငါးမိနစ် ပြတ်တောက်ခဲ့ရတဲ့ကိစ္စ မမှန်မကန်တင်ပြခဲ့တဲ့ တာဝန်ရှိသူတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေတွေအရ အရေးယူခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
2019-06-06
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဒီကနေ့မနက်ပိုင်းက တောင်ပြိုကျပြီး နေအိမ်တွေပေါ်ပိမိလို့ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2019-06-06
ရာဇဝတ်အထွေထွေ အမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးတိုင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ကို ပယ်ဖျက်ပေးဖို့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က မဟန၊ နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေတ္တာရပ်ခံစာ တစ်စောင်ကို ဇွန်လ လေးရက်နေ့က ပေးပို့လိုက်ပါတယ်။
2019-06-06
အစိုးရနဲ့ တပ်မတော်ကို ယှဉ်ပြိုင်လိုတဲ့ သဘောမရှိကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ဇွန်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-06-06
ဆရာတော် ဦးသောဘိတ(အလကာၤကြယ်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရုံးထံ လျှောက်ထားတဲ့အမှုကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-06-06
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာမှာ မနေ့ညနေက လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2019-06-06
နိုင်ငံတော် အကြည်ညိုပျက်စေမှှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူက သုူဟာ ဝရမ်းပြေးမဟုတ်ပါဘူး အဖမ်းခံဖို့စီစဉ်ထားပြီးဖြစ်ပါတယ်လို့ မိန့်ကြားလိုက်ပါတယ်။