သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-14
ပဲခူးတိုင်း ရေတာရှည်မြို့နယ်က ဆွာချောင်းရေလှာင်တမံ ကျိုးပျက်ပြီးနောက် ဆည်အောက်ပိုင်းမှာရှိတဲ့ သိုင်းဝကျေးရွာက လယ်ယာမြေတွေ ဆည်ရေဖုံးလွှမ်းသွားတဲ့အတွက် ပျက်စီးခဲ့ပါတယ်။ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ ဆပ်ဖို့၊ လယ်ယာပြန်ပြီးစိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2018-09-14
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆောင်ရွက်ဖို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းသုံးရာနီးပါး ချေးယူမယ့်ကိစ္စကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2018-09-14
ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားတာတွေ လျှော့ချနိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဆုံးဖြတ်ချနိုင်တဲ့ ခေါင်းဆောင်တွေ မကြာခင် တွေ့ဆုံသွားဖို့ရှိတယ်လို့ ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပတဲ့ “ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” JMC-U သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-09-14
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး စီရင်ဆုံးဖြတ်ရာမှာ အဂတိ လိုက်စားခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိ ခြောက်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မနေ့က အမှုဖွင့် အရေးယူလိုက်ပါတယ်။
2018-09-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီးနောက် မနေ့ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
2018-09-14
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို KNU Concerned Group က ထောက်ခံကြောင်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-14
ထိပ်တိုက်တွေ့ဆုံမှုတွေကို လျော့ချနိုင်ဖို့အတွက် အစိုးရ တပ်မတော်နဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့က ဆုံးဖြတ်ချနိုင်တဲ့ ခေါင်းဆောင်တွေ မကြာခင်တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
2018-09-14
ရခိုင်အမျိုးသားပါတီ ANP က ခွဲထွက်ပြီး "အဖရခိုင်ပါတီ" ကိုတည်ထောင်ဖို့အတွက် သူကိုယ်တိုင် ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က လက်မခံတာကြောင့် တခြား အမည်နဲ့ ပါတီထောင်ဖို့ ညှိနှိုင်းနေကြောင်း ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။
2018-09-14
ရခိုင်ပြည်နယ် မောင်တောဒေသမှာနေထိုင်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင်လူငယ်တွေကို အစိုးရက သင်ကြားရေးအထောက်အကူပြုဆရာတွေအဖြစ် ခန့်အပ်ဖို့ ဒီနေ့ နောက်ဆုံးထားပြီး စာရင်းတွေ ကောက်ယူခဲ့ပါတယ်။
2018-09-14
ဒေသတွင်းမှာ နျူကလီးယား အန္တရာယ်ကျရောက်ရင် နိုင်ငံတကာအကူအညီရဖို့နဲ့ နိုင်ငံတကာက သံသယကင်းစေဖို့ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်မှာ လက်မှတ်ထိုးသင့် တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-09-14
ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-14
ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တောင်းဆိုထားတဲ့ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိဖို့ တောင်းဆိုချက်တွေကို ထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-09-14
၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ဘတ်ဂျက်တောင်းခံငွေထဲက ကျပ်ဘီလီယံ ၂၃ဝ ကျော်ကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။
2018-09-14
သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှရေးရာ လေ့လာရေးသိပ္ပံ (ISAS) မှာ အကြီးတန်း ဧည့်သုတေသီအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးရဲထွဋ်နဲ့ RFA ဝိုင်းတော်သား ဦးကျော်မင်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။
2018-09-14
မကွေးမြို့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ ခိုင်းစေပြီး၊ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကိစ္စအတွက် လူမှုကူညီရေး အဖွဲ့တွေရဲ့ အကူအညီနဲ့ တိုင်တန်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။